🚨 First Night🚨

Start from the beginning
                                        

"အင်း"

"............."

"နှောင်း.... နှောင်း ဒီ Night Dress ကို ဝတ်ထားတာ အမှန်တော့ မောင့်ကို ဆွဲဆောင်မလို့"

"ဘယ်လို"

"နှောင်းလည်း မောင့်အပေါ်မှာ မကောင်းတဲ့အတွေးတွေ ဝင်လာလို့ ဒီ Night Dress ဝတ်ပြီး မောင့်ကို ဆွဲဆောင်နေတာ"

"နှောင်းငယ်"

"ဟိုတစ်ခါ မောင့်အခန်းထဲမှာ ဖြစ်ပြီးတဲ့နောက်ပိုင်းရော.... ခုမောင့်အိမ်မှာ နှောင်းလာနေတဲ့အချိန်တွင်းမှာရော မောင်က နှောင်းကို ဘာမှတောင်းဆိုလာတာမျိုးမရှိလို့ နှောင်းက မောင့်ကို မဆွဲဆောင်နိုင်ဘူးလို့ ထင်နေတာ..... အဲ့ဒါကြောင့် ဒီ Dress ကို ဝတ်ပြီး မောင့်ကို ဆွဲဆောင်ကြည့်တာ"

"ဒါဆို ဟိုတစ်ရက်က ဒီဂါဝန်လေးစဝတ်တဲ့ညကလည်း အဲ့ဒါ မောင့်ကို ဆွဲဆောင်တာပဲလား"

"အွန်း"

"မောင်က နှောင်းငယ် အဆင်သင့်မဖြစ်သေးတဲ့အချိန် လန့်သွားမှာစိုးလို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားရတာ ဘယ်လောက် ခက်ခဲလဲ နှောင်းငယ်သိလား"

"လန့်ရအောင် နှောင်းက ကလေးမှမဟုတ်ပဲ"

"အဟွန့် ဆိုတော့ နှောင်းငယ်က အဆင်သင့်ဖြစ်နေပြီဆိုတဲ့သဘောလား"

မောင့်အမေးက နှောင်းကို ရှက်ရွံ့စေပေမယ့် နှောင်းလည်း မောင်နဲ့အတူတူ အရာရာတိုင်းကို ဖြတ်သန်းချင်တာမို့ မောင့်မျက်ဝန်းတွေနဲ့ ဆုံအောင်ကြည့်လိုက်ပြီး

"မကောင်းတဲ့အတွေးတွေက ဘယ်လောက်ထိ နက်ရှိုင်းလဲဆိုတာ မောင်နဲ့အတူ အဖြေရှာချင်တယ်"

လုံလောက်ပါပြီ။ ဒီစကားတစ်ခွန်းက စေ့ရင်ထဲက မီးတောက်ကို ဓာတ်ဆီလောင်းလိုက်သလိုပါပင်။

"မောင်တို့ အပေါ်သွားရအောင်နော်"

အချိန်အတော်ကြာ ထိန်းချုပ်ခဲ့ရတဲ့စိတ်တွေဟာ လွတ်ထွက်သွားပြီး ခန္ဓာကိုယ်အပူချိန်က မြင့်တက်လာပြီး စိတ်တွေလည်း လှုပ်ရှားနေတာမို့ နှောင်းငယ်ကို ပြောလိုက်တဲ့ စေ့အသံတွေတုန်ယင်နေမှာ အသေချာပင်။  နှောင်းငယ်က ခေါင်းညိမ့်ပြတာနဲ့ စေလည်း နှောင်းငယ်လက်ကို‌ဆွဲကာ ဧည့်ခန်းကိုဖြတ်ပြီး လှေကားထစ်တွေကို အလျင်စလိုတက်လိုက်မိသည်။ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေသလဲဆို စေ့ခြေထောက်တွေက ကြမ်းပြင်နဲ့မထိတော့သလိုတောင် ခံစားနေရတာအမှန်ပင်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now