🚨 First Night🚨

Start from the beginning
                                        

ရုတ်တရက် နမ်းနေရာကနေ ရပ်တန့်သွားတဲ့မောင့်ကြောင့် နှောင်းလည်း နားမလည်စွာ

"မောင် ဘာဖြစ်လို့လဲ"

"ဟင့်အင်း ဘာမှမဟုတ်ပါဘူး.... မောင်တို့ ဧည့်ခန်းထဲမှာ ရုပ်ရှင်သွားကြည့်ကြရအောင်"

ပြောပြီးတာနဲ့ နှောင်းလက်ကိုဆွဲကာ ဧည့်ခန်းထဲသွားဖို့ပြင်နေတဲ့မောင့်ကြောင့် နှောင်းလည်း ပေတေစွာ ထိုနေရာမှာပင် ရပ်နေလိုက်သည်။

လက်ဆွဲတာတောင် နေရာကမရွေ့လာတဲ့နှောင်းငယ်ကြောင့် စေ နှောင်းငယ်ရှေ့မှာရပ်လိုက်ရင်း "နှောင်းငယ်"ဟု ခေါ်လိုက်တော့ နှောင်းငယ်က စေ့ကိုကြည့်ကာ

"ဘာလို့ ဆက်မနမ်းတာလဲ"

".........."

"ဟင်..... မောင်လို့"

ထကြွသောင်းကျန်းနေတဲ့စိတ်ရိုင်းတွေကြောင့် ခရီးဆုံးထိသွားမိမှာစိုးလို့ဆိုတာကို နှောင်းငယ်ကို ဘယ်လိုပြောပြရပါ့မလဲ။ သို့ပေမယ့် နှောင်းငယ်ကတော့ စေ့လက်ကို ဆွဲကာရမ်းရင်း သိချင်စိတ်ပြင်းပြနေတဲ့မျက်ဝန်းလေးတွေနဲ့ စေ့ကိုကြည့်နေတာမို့ စေလည်း သက်ပြင်းလေးချကာ နှောင်းငယ်နားကို ပြန်တိုးကပ်လိုက်ပြီး နှောင်းငယ်ရဲ့ပါးပြင်လေးကို လက်နဲ့ထိကိုင်ကာ ဖွဖွလေးပွတ်သပ်လိုက်ရင်း

"‌နှောင်းငယ်အပေါ် မကောင်းတဲ့အတွေးတွေ ဝင်လာလို့"

"ဟင်"

စေပြောလိုက်တဲ့စကားကို လန့်သွားတယ်ဆိုတာ နှောင်းငယ်က ဆွဲကိုင်ထားတဲ့စေ့လက်တွေရဲ့တင်းကြပ်မှုကို ကြည့်တာနဲ့တင်သိနိုင်သည်။

"အဟွန့် လန့်သွားတာလား"

"ချစ်သူချင်းကို မကောင်းတဲ့အတွေးတွေက ဝင်လို့ရတယ်မဟုတ်ဘူးလား"

"ဟင်"

ဒီတစ်ခါ အာမေဋိတ်သံထွက်သွားတာက စေ့ထံမှဖြစ်သည်။ နှောင်းငယ်က စေ့ကိုမကြည့်ဘဲ ထိုစကားကို ပြောလိုက်ပြီးမှ စေနဲ့မျက်လုံးချင်းဆုံလိုက်ပြီး ထပ်ပြောတာက

"မောင့်ကို မပြောရသေးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်"

"လျှို့ဝှက်ချက်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now