🚨 First Night🚨

Start from the beginning
                                        

"ရပြီလား"

"ဟင့်အင်း"

‌"မောင့်"

မောင်က နှောင်းကို ပြုံးစစဖြင့် ခေါင်းခါပြနေတာမို့ နှောင်းကို စနေမှန်းသိနေတာကြောင့် စိတ်မရှည်စွာ ဆူအောင့်အောင့်လေးဖြင့် မောင့်ကိုခေါ်လိုက်မိသည်။ မောင်က နှောင်းကို နှုတ်ခမ်းစူပြကာ ‌နှုတ်ခမ်းကို အနမ်းပေးဖို့ အချက်ပြလာတာမို့ မောင့်ရဲ့ကလိမ်ကကျစ်ကျမှုကို အံ့ဩမဆုံးပေ။ နှောင်း မျက်လုံးတွေ မှေးစင်းကာ ကြည့်လိုက်တော့ မောင်က နှုတ်ခမ်းကို စူထားဆဲဖြစ်တာကြောင့် နှောင်းရယ်ချင်စိတ်ကို မျိုသိပ်လိုက်ပြီး ချစ်ရသူအလိုကျ နှုတ်ခမ်းလေးကို ထိကပ်ကာ အနမ်းပေးလိုက်သည်။

"ရပြီလား"

"ဟင့်အင့် မရသေးဘူး.... နှုတ်ခမ်းကို နမ်းတာ ဒီလိုထိရုံလေး နမ်းရတယ်လို့ ဘယ်သူပြောတာလဲ"

"........"

နှောင်း မောင့်စကားကို လိုက်မမှီစွာ ကြောင်ကြည့်နေစဉ်မှာပင် မောင်က သူ့လက်ဖဝါးနှစ်ဖက်ဖြင့် နှောင်းမျက်နှာလေးကို ညှပ်ကိုင်ကာ မော့စေလိုက်ပြီး နှောင်းနှုတ်ခမ်းများကို တစ်လွှာချင်း စုပ်ယူနမ်းရှိုက်လာပါတော့သည်။ နှောင်းကတော့ မောင့်ခါးနားက အင်္ကျီစကိုသာ ကျစ်နေအောင်ဆုပ်ကိုင်ထားရင်း မောင့်အနမ်းတွေကို အလိုက်သင့် တုံ့ပြန်ပေးနေမိသည်။

ထိလိုက်ရုံနဲ့တင် စွဲလမ်းမှုကို ဖြစ်ပေါ်စေသည့် နှောင်းငယ်ရဲ့နှုတ်ခမ်းပါးလေးတွေဟာ စေ့အတွက်တော့ မူးယစ်ဆေးလိုပင်။ ပထမက စနောက်ဖို့ရည်ရွယ်ကာ နှောင်းငယ်ကို နမ်းလိုက်မိပေမယ့် နှောင်းငယ်ရဲ့ဆွဲဆောင်မှု‌ကြောင့် တကယ်တမ်း ရုန်းမထွက်နိုင်သူက စေ ကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။ စိုအိနေတဲ့နှောင်းငယ်ရဲ့နှုတ်ခမ်းပါးအထိအတွေ့ကြောင့် စေ့မှာ အနမ်းတို့ကို မရပ်တန့်နိုင်ခဲ့တဲ့အပြင် နှောင်းငယ်ရဲ့တုံ့ပြန်အနမ်းတွေကြောင့် စေ့သွေးကြောထဲက ဟော်မုန်းဓာတ်တွေဟာ အထိန်းချုပ်မဲ့လာလေသည်။ နှုတ်ခမ်းချင်းနမ်းရှိုက်နေရာမှာ စေ့လျှာကိုအသုံးပြုကာ နှောင်းငယ်ရဲ့နှုတ်ခမ်းကို ထိတွေ့လိုက်တော့ နှောင်းငယ်က အလိုက်သိစွာ နှုတ်ခမ်းလွှာတို့ကို ဖွင့်ဟပေးပြီး စေ့လျှာကို ဝင်ရောက်ခွင့်ပေးလေသည်။ စေ့ရဲ့လက်တွေဟာ နှောင်းငယ်ရဲ့မျက်နှာလေးကို ကိုင်ထားရာကနေ နှောင်းငယ်ရဲ့ခါးကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာပွေ့ဖက်ထားရင်း ပြင်းထန်လာတဲ့ အသက်ရှုနှုန်းတွေနဲ့ ပြင်သစ်အနမ်းတို့ကို ပုံဖော်နေရာမှ ပူးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခု‌ကြောင့် စေ့မှာ ကိုယ့်ခန္ဓာကိုယ်အခြေအနေကို သတိဝင်လာကာ ချက်ချင်းပင် အနမ်းတို့ကို ရပ်တန့်ပစ်လိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now