🚨 First Night🚨

Start from the beginning
                                        

"အွန်း... ကျေနပ်တယ်.... ဒါဆို နှောင်းငယ်က တစ်သက်လုံး မောင့်မင်းသမီးလေးအဖြစ် မောင့်နားမှာ အမြဲတမ်းရှိနေမှာ"

"ဒါဆိုရင်တော့ မောင်က အတိုင်းထက်အလွန်ပဲပေါ့"
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိသွားကြသည်။

"ဒါနဲ့မောင်.... မောင်က ဘယ်ဟင်းမဆို အကုန်ချက်တတ်တာလား"

"အကုန်ချက်တတ်တာရယ်တော့ မဟုတ်ပါဘူး.... မောင်က နိုင်ငံခြားမှာလည်း တစ်ယောက်တည်းနေတာဆိုတော့ အခြေခံလောက်တော့ ချက်တတ်တာပေါ့.... ဒါပေမယ့် တစ်ချို့ဟင်းလျာတွေကျတော့ နှောင်းငယ်ကို ချက်ကျွေးချင်လို့ မောင်က လိုင်းပေါ်မှာတွေ့တာလေးတွေကို မှတ်ထားတာ... မောင် စဉ်းစားထားတာ တစ်ခုတော့ ရှိတယ်သိလား"

"ဘာလဲဟင်"

"တီမြိုင်က တစ်နှစ်မှာ နှစ်ကြိမ် ဟင်းချက်သင်တန်းဖွင့်တယ်မလား.... အဲ့ဒါ နောက်လကျရင် ဖောင်တင်ရတော့မှာ မောင်လည်း တီမြိုင့်ဆီမှာ သင်တန်းတက်ဖို့ ဖောင်တင်လိုက်ရင် ကောင်းမလားလို့"

"ဟင်းချက်သင်တန်းထိ တက်ဖို့လိုလို့လား မောင်ရဲ့"

"လိုတာပေါ့.... မောင့်နှောင်းငယ်လေးက ဒီလောက် အစားကောင်းကြိုက်တတ်တာ... နှောင်းငယ်စားချင်တာ မှန်သမျှကို မောင်က ချက်ကျွေးချင်တာ.... စားဖိုမှူးတွေလောက်တော့ မဟုတ်ပေမယ့် မောင့်လက်ရာကတော့ စားလို့အဆင်ပြေတယ်မလား"

"ပြေတာမဟုတ်ဘူး နှောင်းအတွက်တော့ မောင်ချက်ကျွေးတဲ့အစားအသောက်မှန်သမျှက အကောင်းဆုံးပဲ သိလား.... နှောင်းကို အရမ်းအလိုလိုက်ပြီး ချစ်ပေးတဲ့ မောင့်ကိုလည်း ကျေးဇူးအများကြီးတင်တယ်"

"ကျေးဇူးက စကားနဲ့ပဲ တင်တာလား"

မောင့်စကားအသွားအလာကို သိနေတဲ့နှောင်းက မောင့်ကို မျက်စောင်းထိုးလိုက်မိသည်။ သို့ပေမယ့် ခြေဖျားလေးထောက်ကာ မောင့်ညာဘက်ပါးပြင်ကို နမ်းလိုက်ပြီး မောင့်ကို မော့ကြည့်ကာ

"ကျေနပ်ပြီလား"

"ဟင့်အင်း မလုံလောက်သေးဘူး" ဟုဆိုတာကြောင့် နှောင်းလည်း မောင့်ညာဘက်ပါးပြင်ကို ထပ်နမ်းလိုက်ပြီး

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now