🚨 First Night🚨

Beginne am Anfang
                                        

"ဘာကိုလဲ"

"ဪ မောင်နဲ့အတူတူနေမှ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေရတဲ့ ကိုယ့်အဖြစ်ကို တွေးမိသွားလို့ပါ..... မောင်က နှောင်းကို ဘာဆိုဘာမှ မလုပ်ခိုင်းပဲ မောင်ချည်းပဲလုပ်ပေးနေတော့ နောက်ဆို နှောင်းက အပျင်းကြီးသွားရင် ဘယ်လိုလုပ်မလဲ"

"အပျင်းကြီးလည်း ကြီးပါစေပေါ့.... မောင်တို့အသက်တွေ ကြီးသွားတဲ့အထိ မောင်က နှောင်းငယ်ကို မင်းသမီးလေးတစ်ယောက်လို ထားမယ်လို့ ဆုံးဖြတ်ထားပြီးသား"

"ဟင် ဘာလို့မင်းသမီးလေးလဲ..... တစ်ချို့တွေက ချစ်သူကောင်မလေးကို ဘုရင်မတို့ မိဖုရားတို့ဆိုပြီး တင်စားတာလေ... မောင့်အလှည့်ကျမှ နှောင်းက ဘာလို့ မင်းသမီးဖြစ်သွားရတာလဲ"

သူ့ကို ဘုရင်မနဲ့မတင်စားလို့ ဖြစ်သွားတဲ့ဆူပုတ်ပုတ်မျက်နှာလေးကို အသည်းယားတာမို့ မတ်တပ်ရပ်နေတဲ့နှောင်းငယ်ရှေ့ကို သွားကာ နှောင်းငယ်နောက်က Island Counter ပေါ်ကို လက်နှစ်ဖက်ဖြင့်ထောက်ထားလိုက်သည်။

နီးကပ်သွားတဲ့မျက်နှာနှစ်‌ခုကြောင့် နှောင်းရုတ်တရက် နားတွေပူလာသလိုပင်။ မောင်က နှောင်းမှီထားတဲ့ Island Counter ကို လက်နှစ်ဖက်နဲ့ထောက်ကာ မျက်နှာချင်းဆိုင် အနေအထားကြီးကြောင့် မောင်နဲ့Island Counter ကြား ရောက်နေတဲ့နှောင်းမှာ ခန္ဓာကိုယ်လေး မသိမသာကျုံ့သွားရသည်။

မျက်စိရှေ့မှာ မြင်နေရတဲ့ နှောင်းငယ်ကို မြတ်နိုးခြင်းအတိဖြင့် နှာဖူးလေးကို နမ်းလိုက်ကာ

"ဘုရင်မဆိုတာ တာဝန်တွေအများကြီးကို ထမ်းဆောင်ရတာမို့ သူ့ဘဝက ပင်ပန်းတယ် ခက်ခဲတယ်..... မိဖုရားဆိုတာကလည်း ကိုယ်လုပ်တော်တွေရှိလာရင် သူ့အတွက် အချစ်ဆိုတာက ဝေစုတစ်ခုလိုပဲ.... ဒါပေမယ့် မင်းသမီးကျတော့ ဘဝကို အေးအေးဆေးဆေး အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းလို့ရတယ်... ဒါကြောင့် မောင်က နှောင်းငယ်ကို မောင့်ရဲ့မင်းသမီးလေးဖြစ်စေချင်တာ..... ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့နှောင်းငယ်ကို မောင့်အချစ်တွေနဲ့ အကုန်ဖြည့်ဆည်းပေးမှာ..... ဘယ်လိုလဲ မောင့်အဓိပ္ပါယ်ကို နှောင်းငယ်စိတ်ကျေနပ်မှုရှိရဲ့လား"

💕 Feeling of Love 💕 (Unicode Ver)Wo Geschichten leben. Entdecke jetzt