🚨 First Night🚨

Bắt đầu từ đầu
                                        

"ရေနွေးလေးစိမ်ပြီးမှ အိပ်နော် နှောင်းငယ်.... မဟုတ်ရင် မနက်ကျရင် ‌ကိုယ်တွေလက်တွေ ကိုက်ခဲနေလိမ့်မယ်"

မျက်လုံးမှိတ်ထားဆဲဖြစ်တဲ့နှောင်းငယ်က လေသံတိုးတိုးလေးဖြင့်

"နှောင်း မထချင်တော့ဘူး"

"လာ မောင်ချီသွားပေးမယ်"

အပြောထက် လက်တွေ့ကပိုမြန်သည့် စေက စောင်ထဲမှာ ကွေးနေသည့် နှောင်းငယ်ကို ဆတ်ခနဲပွေ့ချီလိုက်တော့ နှောင်းငယ်က အလန့်တကြားဖြင့်

"ဟင့်အင်း မောင် ခဏ.... နှောင်း ဘာမှ မဝတ်ထားရသေးဘူး.... ခဏဖယ်ဦးဆို"

"မောင် မြင်ဖူးပြီးသားလေကွာ"

မောင့်လက်ပေါ်မှာ တွန်းထိုးရုန်းကန်လိုက်ရင်း ဘယ်လိုမှ ပြောလို့ရမယ့်ပုံမပေါ်တဲ့မောင့်ကြောင့် မျက်နှာပူပူနဲ့ပင် မောင့်ရင်ခွင်ထဲ မျက်နှာအပ်ရင်း ရေချိုးခန်းထဲကို ရောက်လာခဲ့တော့သည်။ မောင်က နှောင်းကို ရေနွေးစပ်ပေးထားတဲ့ Bathtub ထဲ အသာအယာ ချပေးပြီး မောင်က တစ်ဖက်က ရေပန်းအောက်မှာ ရေဝင်ချိုးနေလေသည်။ နောက်ပြီး အပြင်ပြန်ထွက်သွားပြန်တဲ့မောင့်ကို ငေးကြည့်လိုက်ရင်း ကန်ဘောင်ပေါ်ခေါင်းလေးလှန်တင်ကာ အကြောအချင်တွေပြေအောင် ရေနွေးလေးကို ဇိမ်နဲ့စိမ်နေမိသည်။

အောက်ပိုင်းဆီမှာ စပ်ဖျင်းဖျင်းနာကျင်မှုကြောင့် နှောင်းအသက်ကို ဝဝရှုလိုက်မိတော့ နှာခေါင်းထဲတိုးဝင်လာတဲ့ Lavender အနံ့သေးသေးလေးကြောင့် ခေါင်းကြည်သွားရလေသည်။ ဘောင်ပေါ် ခေါင်းလှန်တင်ထားရင်း မျက်လုံးများကို ပိတ်လိုက်ချိန်မှာတော့ မောင်နဲ့ ချစ်ကြည်နူးနေသည့် ပုံရိပ်တို့ကို ပြန်လည်မြင်ယောင်လာတာမို့ ခေါင်းကို ချက်ချင်းခါထုတ်ကာ အတွေးတို့ကို ဖျောက်ပစ်ရသည်။

ဒါကို ရေချိုးခန်းထဲပြန်ဝင်လာတဲ့မောင်က မြင်သွားပြီး

"ခေါင်းမူးလို့လား နှောင်းငယ်"

"ဟင့်အင်း"

"လာ ရေနွေးစိမ်တာ အချိန်ပြည့်ပြီ....မောင်ချီသွားမယ်"

"ရပါတယ်.... မောင်က အဝတ်အစားလဲပြီးနေပြီဟာကို နှောင်းကိုချီရင် ရေပြန်စိုသွားလိမ့်မယ်"

"လာပါဗျာ"

မောင်က နှောင်း ခန္ဓာကိုယ်ကို တဘက်အကြီးတစ်ထည်ဖြင့် ပတ်ကာ စွေ့ခနဲပွေ့ချီလိုက်တာမို့ နှောင်းလန့်သွားရပြီး မောင့်လည်တိုင်ကို လှမ်းဖက်လိုက်မိသည်။ မောင်က ရေချိုးခန်းထဲကနေ နှောင်းကို ပွေ့ချီလာရင်း အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ထိုင်ခိုင်းကာ နှောင်းရဲ့ Hello Kitty လက်ရှည်ဘောင်းဘီရှည် ဝမ်းဆက်ကို ထုတ်ထားပြီး ‌

"ဒါလေးဝတ်လိုက်နော် နွေးသွားအောင်လို့"

နှောင်း မောင့်ကို ခေါင်းညိမ့်ပြလိုက်ပြီး ညဝတ်ဝမ်းဆက်လေးကို ဝတ်လိုက်ကာ အကြည့်တွေက မွေ့ယာဆီရောက်သွားတော့ ပြောင်းလဲသွားတဲ့ အိပ်ယာခင်းကြောင့် စောနက နှောင်းရေနွေးစိမ်နေချိန် မောင်အိပ်ယာခင်း လဲလိုက်တဲ့ပုံပင်။ ဒါကို တွေးမိပြန်တော့ နှောင်းမျက်နှာရှက်စိတ်ကြောင့် ပူထူသွားရပြန်သည်။ အဝတ်အစားလဲပြီးချိန်မှာတော့ မောင်က နှောင်းကို ပါရာစီတမောတစ်လုံးဖောက်ကာ ရေခွက်ကမ်းပေးရင်း ကိုယ်တွေလက်တွေနာမှာစိုးလို့ ဆေးကြိုသောက်ထားဟု ဆိုလာတာကြောင့် နှောင်းပြုံးလိုက်ရင်း ပါရာတစ်လုံးကို ရေနဲ့မော့သောက်လိုက်သည်။

အားလုံးပြီးစီးသွားတဲ့အချိန်မှာတော့ နှစ်ယောက်သား အိပ်ဖို့နေရာယူလိုက်ပြီး မောင်က သူ့ရင်ခွင်ထဲမှာ နှောင်းကို ပွေ့ဖက်ထားရင်း နှောင်းရဲ့နှုတ်ခမ်းဖျားတွေကို ထိကပ်ရုံလောက်သာ အနမ်းပေးရင်း

"ချစ်တယ် နှောင်းငယ်..... နောက်ပြီး မောင့်ကို ယုံကြည်ပေးလို့ကျေးဇူးတင်တယ်.... အရမ်းချစ်တယ်"

"နှောင်းရောပဲ မောင့်ကို သိပ်ချစ်တယ်"

မောင့်ရဲ့မေးဖျားလေးကို မော့နမ်းကာ ပြောလိုက်တော့ မောင်က ပါးချိုင့်လေးတွေပေါ်သည်အထိ နှောင်းကိုပြုံးကြည့်ကာ သူ့ရင်ခွင်ထဲ တင်းကြပ်စွာပွေ့ဖက်ထားရင်း နှစ်ယောက်အတူတူ အိမ်မက်ကမ္ဘာဆီသို့...........။

💕💕💕💕💕💕💕💕💕

အပိုင်း ၄၉ မျှော်
#haru_rin

ဒီအပိုင်းကလေ ရေးလိုက်ဖျက်လိုက် ရေးလိုက်ဖျက်လိုက်နဲ့ တော်တော်လေး တိုင်ပတ်နေရတဲ့အပိုင်းပါ။ ကွက်ကွက်ကွင်းကွင်းစကားလုံးတွေလည်း မသုံးချင်တာမို့ မနည်းဖျစ်ညှစ်ရေးထားရတာပါ။ ဒီလိုအခန်းမျိုး တစ်ခါမှ မရေးဖူးတာမို့ အမှားပါသွားရင် လိုအပ်ချက်ရှိခဲ့ရင် ချစ်တဲ့အမြင်လေးနဲ့ ဖတ်ရှုပေးကြပါလို့ ပြောချင်ပါတယ်ရှင့်။ အာရုံကြောအားနည်းတဲ့ရောဂါခြေအနေကြောင့် စာတင်တာ နောက်ကျပြီး ပျက်ကွက်တာတွေများလို့ တကယ်ကို တောင်းပန်ပါတယ်နော်။

💕 Feeling of Love 💕 (Unicode Ver)Nơi câu chuyện tồn tại. Hãy khám phá bây giờ