💕Spaghetti💕

Start from the beginning
                                        

“ခရမ်းချဥ်သီးဆော့လား မောင်”

“ဟင်.... ဪ ဟုတ်တယ်..... နှောင်းငယ် ဗိုက်ဆာပြီလား...... ခဏနေရင် ရပြီနော်”

"ဟင့်အင်း မဆာသေးပါဘူး.... မောင် ချက်နေတာကို လာကြည့်တာ.... နှောင်းကိုလည်း ချက်နည်းလေး သင်ပေးထားဦးနော်.... နှောင်းလည်း ချက်တတ်ချင်တယ်"

နှောင်းငယ်က ဂတ်စ်မီးဖိုနားမှာရပ်နေတာမို့ မီးပူဟပ်သွားမှာစိုးရိမ်ကာ လက်တစ်ဖက်က မီးကို အပူချိန်လျော့လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် နှောင်းငယ်ရဲ့ပုခုံးကိုဖက်ကာ ထိုင်ခုံနားထိ ခေါ်သွားရင်း ထိုင်ခုံမှာထိုင်ခိုင်းလိုက်သည်။ ထို့နောက် နှောင်းငယ်နားမှာ မတ်တပ်ရပ်နေရင်း ခါးကို ကိုင်းကာ ငုံ့ချလိုက်ပြီး

“မောင်တစ်ယောက်လုံးရှိနေတာကို ဘာမှသင်စရာမလိုဘူး..... နှောင်းငယ်စားချင်ရင် အချိန်မရွေး မောင့်ကိုပြော..... မောင် ချက်ကျွေးမယ်....... လောလောဆယ် မီးဖိုနားမှာ ပူတယ်..... ဒီမှာ ‌ခဏထိုင်စောင့်နေနော်........ ခေါက်ဆွဲထည့်ပြီးတာနဲ့ ရပြီ”

စကားဆုံးတာနဲ့ နှောင်းငယ်ရဲ့ပါးပြင်အိအိလေးကို ရွှတ်ခနဲနမ်းလိုက်ရင်း ဟင်းပြန်ချက်ဖို့ မီးဖိုနားကို လျှောက်လာလိုက်သည်။ ရေချိုးပြီးခါစမို့ မွှေးပျံ့နေတဲ့ နှောင်းငယ်ရဲ့ Lotion နံ့နဲ့ ကိုယ်သင်းနံ့လေးကြောင့် စေ့ရင်တွေ တစ်လှပ်လှပ်ခုန်လာမိသည်။ ခုန်နေတဲ့ဝဲဘက်ရင်အုံကို လက်ဖြင့် တစ်ချက်ဖိထားလိုက်ရင်း စိတ်ပြေလိုရာပြေကြောင်း ပွတ်ပွတ်ဆူနေတဲ့ ခရမ်းချဉ်သီးဆော့ထဲကို ခေါက်ဆွဲတွေထည့်လိုက်ရင်း ညှပ်နဲ့အသာအယာလေး နှံ့စပ်အောင် နယ်နေလိုက်သည်။ ခေါက်ဆွဲနဲ့ခရမ်းချဥ်သီးဆော့တွေ နှံ့စပ်သွားချိန်မှာတော့ ပန်းကန်နှစ်ချပ်ထဲကို လှလှလေးဖြစ်အောင် သေချာထည့်လိုက်ပြီး ထိုပန်းကန်ပေါ်ကနေ Cheese တုံးကို ခြစ်နဲ့ မွမွလေးတွေဖြစ်အောင် ခြစ်ပြီးချိန်မှာတော့ Cheese လေးတွေ ဖြူးထားတဲ့ Homemade Spaghetti နှစ်ပွဲက ရုပ်လုံးပေါ်လာပြီဖြစ်သည်။

"ကဲ ရပါပြီဗျာ"

"ဝါးးးးး မိုက်တယ် ဟီး.... ခဏလေး နှောင်း ဓာတ်ပုံရိုက်လိုက်ဦးမယ်"

စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုယူကာ ကင်မရာဖွင့်လိုက်ပြီး မောင်ပြင်ဆက်ချက်ပြုတ်ပေးထားတဲ့ Spaghetti ကို ဓာတ်ပုံရိုက်လိုက်သည်။

စေကတော့ ဝိုင်ပုလင်းကိုဖောက်ကာ ဝိုင်ခွက်ထဲ ဝိုင်အနည်းငယ်ထည့်လိုက်ရင်း နှောင်းငယ်လုပ်သမျှကို မျက်နှာပေါ်အပြုံးရိပ်တို့ထင်ဟပ်ကာ ကြည့်နေမိသည်။ ထို့နောက် ဝိုင်နှစ်ခွက်ကို ယူသွားပြီး နှောင်းငယ်နားလျှောက်သွားကာ

"ဒီမှာ ဝိုင်"

"သိုင့်ခရူး"

မောင်ကမ်းပေးတဲ့ ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး မောင်နဲ့ခွက်ချင်းတိုက်ကာ နှောင်း တစ်ငုံ မော့သောက်လိုက်သည်။ ဝိုင်ရဲ့စူးရှရှအရသာကြောင့် ‌လည်ချောင်းတစ်လျှောက် ပူဆင်းသွားရတာမို့ နှောင်း မျက်နှာရှုံ့မဲ့သွားရသည်။ ဒါကို မောင်က မြင်တော့ ဟွန့်ခနဲ တစ်ချက်ရီလိုက်တယ်မို့ နှောင်းမျက်စောင်းထိုးကာ Spaghetti ကို ခက်ရင်းနဲ့လှည့်ကာ အနည်းငယ်ယူလိုက်ပြီး အရသာခံကာ စားလိုက်သည်။ မောင်က နှောင်းဘေးက ခုံမှာထိုင်ကာ စားပွဲပေါ်လက်တင်ရင်း မေးထောက်ကာ နှောင်းစားတာကို သေချာကြည့်နေတာမို့ နှောင်း ‌အရသာကို မြည်းကြည့်ပြီးတာနဲ့ မောင့်ကို လက်မလေးထောင်ပြကာ

"အရမ်းကောင်းတယ်‌ မောင်.... very good"

"ဟွန့် နှောင်းငယ်သဘောကျရင် ပြီးတာပါပဲဗျာ.... ပူတုန်းလေး စားလိုက်လေ နှောင်းငယ်"

"အွန်း"

စေချက်ပေးထားတဲ့ Spaghetti ကို အရသာရှိရှိ အားရပါးရစားနေတဲ့ နှောင်းငယ်ပုံစံကို မြင်ရတာ စေ ချက်ရကျိုးနပ်ပါသည်။ စေလည်း Spaghetti တစ်ဇွန်းစားလိုက်ရင်း နှောင်းငယ်ကို ကြည့်လိုက်တော့ ပါးစပ်ကလည်း ဝါးနေရင်း ခေါင်းလေးတညိမ့်ညိမ့်ဖြင့် ပြုံးနေတာကြောင့် တကယ်ကို Spaghetti က နှောင်းငယ် အကြိုက်တွေ့တဲ့ပုံပင်။ အမြဲလိုလို နှောင်းငယ်နဲ့အတူတူ စားသောက်ဆိုင်ထိုင်ရင်ပဲဖြစ်ဖြစ် အိမ်မှာပဲစားသောက်ကြရင်ဖြစ်ဖြစ် စေက နှောင်းငယ်နဲ့ဘေးမှာပဲ ထိုင်ဖြစ်သည်။ အရှေ့မှာထိုင်ရင် နှောင်းငယ်နဲ့ ဝေးကွာသွားသလိုခံစားရပြီး ခုလိုဘေးမှာ ထိုင်နေချိန်မှာတော့ နှောင်းငယ်နဲ့ ပိုနီးကပ်တယ်လို့ခံစားရပြီး အသည်းယားလာတဲ့အချိန်ဆိုလည်း ရင်ခွင်ထဲဆွဲဖက်ထားလို့ရသည်လေ။

Spaghetti လေး စားလိုက် ဝိုင်လေးသောက်လိုက်ဖြစ် နှစ်ယောက်တည်း အေးအေးလူလူ Quality Time ကို ဖြတ်သန်းနေကြသည်။

💕💕💕💕💕💕💕💕💕💕

အပိုင်း ၄၈ မျှော်
#haru_rin

ဒီရက်ပိုင်း Mental Breakdown ဖြစ်နေပြီး စိတ်အတက်အကျအရမ်းမြန်နေတာမို့ လိုအပ်ချက်တွေရှိရင် နားလည်သည်းခံပေးကြပါဦးရှင့်

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now