“မောင် ပြီးပြီ...... နှောင်းငယ် ရေသွားချိုးလိုက်တော့လေ..... အရမ်းမကြာစေနဲ့ဦးနော် အအေးပတ်ဦးမယ်”
“အင်းအင်း”
စေ့ကို ကမန်းကတမ်းဖြေပြီး ရေချိုးခန်းထဲ ပြေးဝင်သွားတဲ့နှောင်းငယ်ကြောင့် စေ ရုတ်တရက်ကြောင်သွားပြီးမှ သဘက်တစ်ထည်တည်းပတ်ထားတဲ့ ကိုယ့်အဖြစ်ကို သတိထားမိသွားရင်း ရှက်ပြီး ရေချိုးခန်းထဲပြေးဝင်သွားတဲ့ နှောင်းငယ်အဖြစ်ကို တွေးပြီး ပြုံးမိသွားပြန်သည်။ အဝတ်အစားခန်းထဲဝင်ကာ ပေါ့ပေါးပါးပါး တီရှပ်တစ်ထည်နဲ့ Sweat Pant ကို လဲဝတ်လိုက်ပြီး ပြန်ထွက်လာကာ ချက်ပြုတ်ဖို့အတွက် အောက်ထပ်ကို ဆင်းကာ Kitchen ဆီကို ဦးတည်လိုက်သည်။
Spaghetti လုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို အရင်ပြင်ဆင်လိုက်ပြီး ဝယ်လာတဲ့ ကင်းမွန်နဲ့ပုစွန်တွေကို သေချာ သန့်ရှင်းရေးလုပ်နေလိုက်သည်။ ထို့နောက် White Button Mushroom တွေကို သေချာဆေးကြောသန့်စင်ပြီးနောက် ဒယ်အိုးကို အပူပေးကာ ဆီအနည်းငယ်ထည့်လိုက်ပြီး ကြက်သွန်ဖြူကိုကြိတ်ထားတာတွေကို အိုးထဲထည့်ပြီး ဆီသတ်လိုက်သည်။ ငရုသီးအနီတောင့် ၂တောင့်လောက်ကိုပါ တစ်ခါတည်းဆီသတ်လိုက်ပြီး ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ ဆားအနည်းငယ်ဖြူးလိုက်ပြီးနောက်မှာတော့ ခရမ်းချဉ်သီးအနှစ်ဘူးကို ဖောက်ကာ အိုးထဲထည့်လိုက်ရင်း ၁၀မိနစ်လောက် ဆူအောင်တည်ထားလိုက်သည်။ ခရမ်းချဥ်သီးဆော့ ဆူလာချိန်မှာတော့ မှိုကို ထည့်လိုက်ပြီး မီးအေးအေးနဲ့ ၃မိနစ်ခန့် ချက်ထားလိုက်ပြီးနောက်မှာတော့ ပုစွန်ကို ခရမ်းချဉ်သီးဆော့ထဲထည့်ကာ အဖုံးပြန်အုပ်ပြီး ၅မိနစ်ခန့် ချက်ပေးနေလိုက်သည်။ ထို့နောက် ခေါက်ဆွဲခြောက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်လိုက်ရင်း ခေါက်ဆွဲတွေ နူးသွားချိန်မှာ ပြန်ဆယ်လိုက်ပြီး ရေအေးအေးနဲ့ပြန်ဆေးထားလိုက်သည်။
ညစာအတွက်ပြင်ဆင်နေရင်း အပေါ်ထပ်ကဆင်းလာတဲ့ နှောင်းငယ်ရဲ့ခြေသံကြောင့် စေလှမ်းကြည့်လိုက်တော့ ဟိုတစ်ခါဝတ်ဖူးတဲ့ Night Dress လေးကို ဝတ်ဆင်ထားတဲ့ နှောင်းငယ်ကြောင့် စေ ရင်ခုန်သံတွေက ဒယ်အိုးထဲက ပွတ်ပွတ်ဆူနေတဲ့ ခရမ်းချဥ်သီးဆော့လိုပင် ဆူပွတ်လာသည်။ နှောင်းငယ်က စေ့နားကို ရောက်လာပြီး မီးဖိုပေါ်တင်ထားတဲ့ အိုးကို တစ်ချက်ကြည့်ရင်း
💕Spaghetti💕
Start from the beginning
