"ဟင့်အင်း နှောင်းက အဲ့ကစားချင်တာမဟုတ်ဘူးရယ်.... Chef Matteo ထက် လက်ရာကောင်းတဲ့သူ ချက်တာပဲစားချင်တာ"
"ဟင်.... မောင် သိသလောက် ရန်ကုန်မြို့မှာ အီတလီအစားအစာဆို Chef Matteo က ထိပ်ဆုံးပဲ နှောင်းငယ်ရဲ့"
"အဲ့ဒါက သူများတွေအတွက် နေမှာပေါ့.... နှောင်းအတွက်ကတော့ မောင့်လက်ရာသာ အကောင်းဆုံးပဲ"
ရုတ်တရက် နှောင်းငယ်ဆီကနေ ချီးကျူးစကားကြားလိုက်ရတာမို့ အီတလီအစားအစာကို အသာထား ကောင်းကင်က ဓူဝံကြယ်ကို ဆွတ်ခူးပေးဖို့ထိကို လုံလောက်နေပြီဖြစ်သည်။ စေ ကြည်နူးစွာဖြင့်
“ဒါဆို မောင်တို့ Marketplace မှာ ဈေးဝင်ဝယ်မှ ရမယ်...... နှောင်းငယ် အဆာပြေ တစ်ခုခုစားထားဦးလေ..... ပြန်ရောက်ရင် ချက်ပြုတ်ရမှာနဲ့ ဗိုက်ဆာနေလိမ့်မယ်”
“အင်းးးးးး ဒါဆို OMUK က ငါးအသားပြားစားချင်တယ်...... Marketplace မှာ OMUK ရှိမယ်ထင်တယ်”
“အင်း ရှိလောက်တယ်...... မောင် ဒီနားက ဓမ္မစေတီလမ်းက Marketplace ကိုပဲ သွားလိုက်မယ်နော်”
“ဟုတ်”
ဒီလိုနဲ့ နှစ်ယောက်သား Marketplace ကို ဝင်ကာ ပတ်ကြည့်ပြီး လိုအပ်တာတွေကို ဈေးဝယ်တွန်းလှည်းထဲထည့်နေလိုက်သည်။ မောင်က တွန်းလှည်းကို ကိုယ်တိုင်တွန်းကာ လိုအပ်တာတွေကို သေချာရှာပြီး ထည့်နေပေမယ့် နှောင်းကတော့ ငါးအသားပြားတွေထည့်ထားတဲ့ စက္ကူခွက်ကလေးကို ကိုင်ကာ ညှပ်ထားတဲ့ ငါးအသားပြားတွေကို တစ်ခုချင်းစီ တုတ်နဲ့ထိုးစားရင်း မောင့်ဘေးနားကနေ ထပ်ချပ်မကွာလိုက်နေမိသည်။ ပိုက်ဆံရှင်းပြီးချိန်မှာလည်း လိုအပ်တဲ့ပါဝင်ပစ္စည်းတွေအပြင် နှောင်းစားတတ်တဲ့သရေစာမုန့်တွေကိုပါ တစ်လက်စတည်း ဝယ်လိုက်တာမို့ အထုတ်တွေတအားများနေကာ မောင်က တွန်းလှည်းကို ကားနားထိ ယူလာပြီး ကားနောက်ခန်းထဲကို အထုတ်တွေ အစီအရီထည့်ပြီးနောက် ကားကို Marketplace ကနေ မောင်းထွက်လာခဲ့ကြသည်။
အိမ်ကိုရောက်တာနဲ့ နှောင်းက တံခါးကို ကြိုဖွင့်ပေးထားပြီး အထုတ်တွေဆွဲလာတဲ့မောင့်ကို အိမ်ထဲအရင်ဝင်ခိုင်းလိုက်သည်။ မောင်က Kitchen ကို တန်းသွားပြီး အထုတ်တွေကို စားပွဲပေါ်အရင်တင်ထားလိုက်သည်။ စားပွဲပေါ်မှာတင်ထားတဲ့ရေခရားထဲမှ ရေကို ဖန်ခွက်ထဲအနည်းငယ်ထည့်ပေးလိုက်ပြီး မောင့်ကို ကမ်းပေးလိုက်တော့ မောင်က တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် ဝယ်လာတာတွေကို ရေခဲသေတ္တာထဲ အစီအရီထည့်နေပြီး မုန့်ခြောက်တွေကိုတော့ kitchen cabinet ထဲ ထည့်လိုက်သည်။ ပြီးတာနဲ့ နှောင်းနဲ့မျက်နှာချင်းဆိုင်လိုက်ရင်း
💕Spaghetti💕
Start from the beginning
