နေ့လည်ကအထိ ပျော်ရွှင်မြူးတူးနေတဲ့ နှောင်းငယ်က ခုအပြန်မှာတော့ အလုပ်မှာအဆင်မပြေလို့များလားမသိ တစ်ခုခုကို အလေးနက်ထားတွေးနေပုံရသည်။ စေ ဝယ်လာပေးတဲ့ သစ်တော်သီးဖျော်ရည် မွှေးမွှေးအေးအေးလေးကိုတောင် တစ်ငုံပဲသောက်ပြီး လက်မှာကိုင်ကာ အတွေးလွန်နေပုံရတာမို့ စေ့မှာ ကားမောင်းရတာတောင် စိတ်မဖြောင့်ပေ။
"နှောင်းငယ်"
"............"
"နှောင်းငယ်"
"ဟင်"
"အလုပ်မှာ အဆင်မပြေလို့လား နှောင်းငယ်"
"ဟင့်အင်း.... ပြေပါတယ် မောင်ရဲ့"
"ပြေတယ်ဆို ဘာလို့ နှောင်းငယ်က အတွေးတွေလွန်နေရတာလဲ.... မျက်နှာကလည်း မလန်းနေဘူးးး.... အလုပ်ကိစ္စဆို မောင်က နားမလည်ပေမယ့် နှောင်းငယ် စိတ်ပေါ့သွားအောင် မောင့်ကို ရင်ဖွင့်လို့ရတယ်နော်..... မောင် အကြံပေးနိုင်တာရှိရင်လည်း ရှိမှာပေါ့"
"အလုပ်ကိစ္စရယ်တော့ မဟုတ်ပါဘူး..... ဒီနေ့ အလုပ်ကိစ္စနဲ့အပြင်တွေ တောက်လျှောက်သွားလိုက်ရလို့ ခေါင်းမကြည်နေလို့ပါ... နောက်ပြီး နောက်အသစ်ထွက်မယ့် Collection အကြောင်း စဉ်းစားစရာလေးတွေရှိနေလို့ပါ"
"ဪ.... အင်းပါ.... ဒါဆိုလည်း မောင်တို့ ညနေစာစားဖို့ စီစဉ်ကြရအောင်လေ.... နှောင်းငယ် ဘာစားချင်လဲ"
"Spaghetti စားချင်တယ်..... ဝိုင်လေးလည်း သောက်ရင်း.... ဘယ်လိုလဲ"
နှောင်းငယ်က မျက်စပစ်ကာ ဘယ်လိုလဲဟုမေးနေပုံက ပြုံးနေပေမယ့် တစ်ခုခုကို ဖုံးကွယ်ပြီး ဟန်ဆောင်ပြုံးနေရတယ်လို့ စေ့အနေနဲ့ ခံစားမိသည်။ ဝိုင်ပါသောက်ချင်နေတယ်ဆိုတော့ နှောင်းငယ် တစ်ခုခုဖြစ်နေတာတော့ သေချာလေသည်။ သို့ပေမယ့် စေ့ကို ပြောပြချင်တဲ့ အရိပ်အယောင်မတွေ့ရတာမို့ စေ ဆက်မမေးဖြစ်ခဲ့ပါ။ နှောင်းငယ်ဘက်က ရင်ဖွင့်ချင်လာတဲ့အချိန်ရောက်ရင်သာ စေ့ရင်ခွင်မှာ အမြဲခိုနားဖို့ ရင်ဖွင့်ကြိုဆိုပြီးသားပင်။
"ဒါဆိုမောင်တို့ Chef Matteo ရဲ့ Restaurant ကိုပဲ သွားကြမလား.... လမ်းလည်းသင့်တယ်"
💕Spaghetti💕
Start from the beginning
