"ရပါတယ်..... နောက်တစ်ခါ အပြင်လူတွေကို ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ ဝင်မလာစေနဲ့"
"ဗျာ"
"ဟင်.... မောင်ပြောတာ နှောင်းက အပြင်လူလား"
ဆူအောင့်အောင့်အသံလေးကြောင့် စေ ပြောချင်တာ လောသွားပြီး စကားမှားသွားကြောင်း ချက်ချင်းသိလိုက်ကာ ခေါင်းထဲမှာ အချက်ပေး ခေါင်းလောင်းသံတွေ မြည်လာခဲ့သည်။ ကမန်းကတမ်းဖြင့်
"မောင့်နှောင်းငယ်က အပြင်လူဖြစ်စရာလား..... မောင်စကားပြောလောသွားလို့ပါ..... နှောင်းငယ်ကိုပြောတာမဟုတ်ဘူး.... စောနက မောင့်ဆီကို ဧည့်သည်ရောက်လာလို့လေ.... ခန့်ဟိန်းလည်း မရှိတော့ မောင့်အခန်းထဲ ပိုင်စိုးပိုင်နင်းဝင်လာတာ... အဲ့ဒါကို ပြောချင်တာပါ နှောင်းငယ်ကလည်း စိတ်မဆိုးနဲ့နော်"
"ဟွန့်"
"နော်.... နော်လို့ နှောင်းငယ်… နော်"
"မသိဘူး သွား"
"နှောင်းငယ်ကလည်း မောင်က စကားပြောလောသွားလို့ပါဆို.... နှောင်းငယ်က အပြင်လူဖြစ်စရာလား.... မောင့်မှာ ခုထိ ချစ်လို့မဝနေတဲ့ဟာကို"
ဆရာသမားက သူ့မဟေသီကို အသည်းအသန်ချော့နေရင်း ခန့်ဟိန်းကို သွားတော့ဆိုတဲ့သဘောဖြင့် လက်ဟန်ပြတာမို့ ခန့်ဟိန်းလည်း ခေါင်းငုံ့အရိုအသေပေးကာ အခန်းထဲကနေ ခပ်သွက်သွက်အပြင်ကို လျှောက်လာခဲ့လိုက်သည်။ နောက်ပါးဆီမှာတော့ ခန့်ဟိန်းဆရာသမားရဲ့ မဟေသီကို ချော့နေတဲ့အသံကိုတော့ ကြားနေရဆဲပင်။
💕
မောင်ပြောလိုက်တဲ့အဓိပ္ပါယ်ကို သိနေပေမယ့်လည်း နှောင်းက မောင့်ကို တမင်စိတ်ဆိုးပြကာ ရစ်နေမိတာဖြစ်သည်။ သို့ပေမယ့် နှောင်းမှာ ဗိုက်လည်းဆာနေတာမို့ ကြာကြာမရစ်နိုင်ဘဲ မောင်နဲ့အတူတူ နေ့လည်စာကို ဟိုဟိုဒီဒီအကြောင်းတွေပြောရင်း စားလိုက်ကြသည်။ မောင်နဲ့အတူ နေ့လည်စာစားပြီးနောက် မောင်က ရုံးကို လိုက်ပို့ပေးမယ်ဆိုပြီးပြောပေမယ့် သွားလိုက်ပြန်လိုက်နဲ့ အလုပ်ပိုသွားမယ့်မောင့်ကို လိုက်မပို့ဖို့အနည်းဖျောင်းဖျကာ နှောင်းကကိုယ့်ဘာသာပဲပြန်လာခဲ့လိုက်သည်။ ညနေရုံးဆင်းချိန်ရောက်တော့ မောင်က အချိန်မှန်စွာဖြင့် စောင့်နေကြနေရာလေးမှာ ကားကိုရပ်ထားပြီး နှောင်းအလာကို သူကတော့ ကားနားမှာ မတ်တပ်ရပ်ပြီး စောင့်နေလေသည်။ နှောင်းလည်း ရောက်လာရော မောင်က ကားတံခါးကို ဖွင့်ပေးကာ နှောင်းကို ကားပေါ်တက်စေပြီး သူလည်း မောင်းသူနေရာဘက်မှာထိုင်လိုက်ရင်း ထိုနေရာကနေ ကားကို မောင်းထွက်ခဲ့လေသည်။
💕Spaghetti💕
Comenzar desde el principio
