မျက်ခုံးလေးပင့်ကာ မေးလာပုံက အသည်းယားစရာမို့ စေ့မှာ ဟက်ခနဲရယ်လိုက်ပြီး
"ဟင့်အင်း မပြစ်မယူတော့တဲ့အပြင် ဒီကကောင်ကိုပါ 1+1 အနေနဲ့ရမှာ"
မောင့်အပြောကြောင့် နှောင်းသဘောကျစွာရယ်လိုက်ပြီး
"နှောင်း ဗိုက်ဆာပြီ"
"ဟုတ်သားပဲ.... ခုချိန်ထိ မစားရသေးဘူးဆိုတော့ နှောင်းငယ် ဗိုက်ဆာနေတော့မှာပဲ.... ဘာတွေ ဝယ်လာတာလဲ"
"ထမင်းရယ် ဝက်ချိုချဉ်ကြော်ရယ် ဖက်ထုတ်အိုးကပ်ကြော် ကိုက်လန်ကြော် ဟိုအိတ်ထဲက ၁၂မျိုးဟင်းချို"
"အိုခေ.... ဒီမှာ ထိုင်ဦးနော် နှောင်းငယ်.... မောင် စားဖို့အတွက် ပြင်ပေးမယ်"
"ပန်းကန်နှစ်ချပ်ဆိုရပြီလေ မောင်.... ကျန်တာတွေက ဗူးနဲ့ပဲဟာ ဒီအတိုင်းစားလိုက်မယ်လေ"
"တစ်ခါသုံးဘူးတွေနဲ့စားတာက ကျန်းမာရေးအတွက်မသင့်တော်ဘူးလေ နှောင်းငယ်ရယ်"
"ဒါပေမယ့် တစ်ခါတစ်လေပဲကို မောင်ကလည်း"
ပြောရင်းနဲ့ နှုတ်ခမ်းက ဆူချင်လာပြီမို့ စေ သက်ပြင်းချလိုက်ပြီး
"ဟုတ်ပါပြီ ဗျာ.... ခဏလေးနော်"
အလုပ်စားပွဲပေါ်က ဖုန်းနဲ့ အပြင်က အတွင်းရေးမှူးဆီ ပန်းကန်နှစ်ချပ်ယူခဲ့ဖို့ ဖုန်းဆက်ပြောလိုက်ရင်း နှောင်းငယ်နားဝင်ထိုင်လိုက်ကာ အိတ်ထဲက ဗူးတွေကို တစ်ဗူးချင်းစီ ထုတ်နေပြီး အဖုံးလေးတွေ ဖွင့်ထားလိုက်သည်။ ထိုအချိန်မှာပဲ တံခါးခေါက်သံ နှစ်ချက်ကြားလိုက်ရတာမို့ စေက
"ဝင်ခဲ့ပါ"ဟု ပြောလိုက်တော့ အတွင်းရေးမှူးအဖြစ် ခန့်ထားတာ တစ်ပတ်လောက်ပဲရှိသေးတဲ့ ခန့်ဟိန်းဆိုတဲ့ကောင်လေးက ပန်းကန်းနှစ်ချပ်ကိုင်ကာ ခပ်ကုတ်ကုတ်လေး ဝင်လာသည်။
"ကိုစေမှာထားတဲ့ပန်းကန်တွေပါဗျ"
"အင်း ဒီကိုပေး"
ခန့်ဟိန်းလက်ထဲက ပန်းကန်တွေကို လက်လွှဲယူလိုက်ပြီး
"သွားလို့ရပြီ"
"ဟိုလေ.... ကျွန် ကျွန်တော် တောင်းပန်ပါတယ်ဗျ.... ထမင်းစားဖို့ဆိုပြီး နေရာကနေ အချိန်အကြာကြီး ရှိမနေတဲ့အတွက် ဒီက အစ်မရောက်လာတာကို ကျွန်တော်မသိလိုက်မိတာ တကယ်တောင်းပန်ပါတယ်ဗျ"
💕Spaghetti💕
Start from the beginning
