💕One & Only💕

Start from the beginning
                                        

"အဟွန့် အရမ်းရယ်စရာမကောင်းနေဘူးလား နဒီလှိုင်း.... အသွေးအသားဆန္ဒတစ်ခုတည်းကြောင့် ငါက မင်းကို ပြန်ပတ်သက်ရမှာတဲ့လား.... ငါနဲ့နှောင်းငယ်ရဲ့ ဆက်ဆံရေးကို မင်းမှာ ဘာလုပ်ပိုင်ခွင့်နဲ့ ခုလို ဆုံးဖြတ်နေရတာလဲ.... ဟမ်!!!"

စေက ဟမ်ဆိုပြီး ‌လေသံမာမာနဲ့ပြောလိုက်တာမို့ ဒီဒီ ခန္ဓာကိုယ်လေး တုန်တက်သွားသည်အထိ လန့်သွားရသည်။ စေက ဒီဒီ့ကို သေချာစိုက်ကြည့်ပြီး

"ငါ နှောင်းငယ်ကိုချစ်တာ သူ့အသွေးအသားကို လိုချင်လို့ဆိုတာထက် သူ့ကို မြတ်နိုးတန်ဖိုးထားပြီး ယုယကြင်နာချင်တာ.... သူ့အတွက် အဆင်သင့်မဖြစ်သေးတဲ့ကိစ္စကို ငါ့ဘက်က အတင်းမတောင်းဆိုရက်ဘူး ဘာလို့လဲ သိလား"

"..........."

"မြတ်နိုးလို့.... ချစ်တာထက်ပိုတဲ့ မြတ်နိုးခြင်းတွေနဲ့နှောင်းငယ်ကို ငါချစ်တာ.... တန်ဖိုးထားတာ..... သူ့ဘက်က အဆင်သင့်မဖြစ်မချင်း ငါ့သွေးသားတွေ ဆာလောင်နေပါစေ.... ငါရှေ့ဆက်တိုးမှာမဟုတ်ဘူး"

"စေ"

"ငါ ဒါတွေ ဘာလို့ပြောပြနေတာလဲသိလား"

"..........."

"မင်း နှောင်းငယ်အပေါ် အထင်သေးတာ.... ငါနဲ့နှောင်းငယ်ရဲ့အချစ်ကို အထင်သေးတာတွေအတွက် အမြင်မှန်ရသွားအောင် ပြောပြပေးနေတာ.....  ရိုင်းရိုင်းပြောရရင် ‌ခုချိန် ငါ့ရှေ့မှာ မင်း naked ဖြစ်နေရင်တောင် ငါ ရင်မခုန်ဘူး.... နှောင်းငယ်က ငါ့အတွက် One and Only ဆွဲအဆောင်နိုင်ဆုံး တစ်ဦးတည်းသောသူပဲ"

"စေ"

"မင်းနှုတ်ခမ်းနဲ့ထိသွားတဲ့ ငါ့မေးဖျားကိုတောင် ငါမသတီတော့တဲ့အထိ မင်းနဲ့မပတ်သက်ချင်တော့တာ..... ခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွား.... နောက်တစ်ခါ နှောင်းငယ်အကြောင်းကို မင်းပါးစပ်ကနေ လက်လွတ်စပယ် မပြောမိစေနဲ့"

"ဟင့်... စေ.... စေ ရက်စက်တယ် ဟင့်"

စေ့ကို မျက်ရည်တွေဝဲကာ ပြောရင်း ထွက်သွားနဲ့ နဒီလှိုင်းကို ကျောပေးထားကာ ကပ်နေလိုက်မိသည်။ အရင်ရက်စက်သွားတာ မင်းပါဆိုတဲ့ စကားကိုတော့ ရင်ထဲမှာပဲ ပြောလိုက်မိသည်။ နောက်ပြီး နေရာမှာပဲ ခြေစုံရပ်ပြီး တွေးမိနေတာ တစ်ခုက စေနဲ့နှောင်းငယ်ရဲ့ကိစ္စတွေကို အတွင်းကျကျ ဘယ်လိုသိနေတာလဲဆိုတာပင်။ ကောင်းပြည့်ကနေတစ်ဆင့်ပဲ သိတာများလား။ ခေါင်းကို ခါရမ်းနေရင်း အခန်းတံခါးဖွင့်သံကြားတာကြောင့် နဒီလှိုင်းလို့ပဲ ထင်ပြီး

"မင်း ဘာလို့ထပ်ရောက်လာပြန်တာလဲ" လို့ ပြောရင်း လှည့်ကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့သူကြောင့် စေ နေရာမှာတင် ကြောင်ပြီး ရပ်နေမိသည်။ ပါးစပ်ဖျားကနေတော့ နာမ်စားတစ်ခုကို ရေရွတ်လိုက်မိတာက

"နှောင်းငယ်"

💕💕💕💕💕💕💕💕💕💕

အပိုင်း ၄၇ မျှော်
#haru_rin

စာပြင်နေလို့ အနည်းငယ်နောက်ကျသွားလို့ တောင်းပန်ပါတယ်နော်🙏🏻🙏🏻

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now