💕One & Only💕

Start from the beginning
                                        

“ဟင့်အင်း..... စေ ညာနေတာ.....  ဒီဒီ့ကို စေ အရင်တုန်းက ခံစားခဲ့ရသလို ပြန်ခံစားစေချင်လို့ သူနဲ့တွဲနေတာမလား”

“ကျစ်”

“သူ့ပုံစံက စေ့အကြိုက်မဟုတ်ဘူးလေ..... စေ ဘယ်လို မိန်းကလေးမျိုးကို ကြိုက်လဲဆိုတာ ဒီဒီသိတယ်..... အဲ့မိန်းမက ‌စေ့စံနှုန်းတွေနဲ့ ကိုက်ညီတဲ့သူမှ မဟုတ်တာ..... စေက ဒီဒီ့လို ဆွဲဆောင်မှုရှိပြီး အရပ်ရှည်တဲ့မိန်းကလေးမျိုးကို သ‌ဘောကျတာလေ..... ဒီဒီ.... ဒီဒီက စေ့အတွက် Ideal Type ဖြစ်ခဲ့တာလေ”

“ငါရဲ့စံနှုန်းတွေ ငါ့ရဲ့Ideal Type တွေ ဆိုတာကို မေ့သွားတဲ့အထိ နှောင်းငယ်ကို ချစ်မိသွားတာ...... နှောင်းငယ်ကို ချစ်မိသွားတဲ့အချိန်ကစပြီး ငါ့အတွက် စံနှုန်းတွေ Ideal Type တွေဆိုတာက နှောင်းငယ်ပဲ”

“ဟင့်အင်း..... မဖြစ်နိုင်တာ”

စေ့ဆီကနေ မမျှော်လင့်ထားတဲ့စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာတော့ ဒီဒီ တုန်လှုပ်သွားကာ နောက်ဆုံးလက်နက်ကို ထုတ်သုံးဖို့ ပြင်လိုက်သည်။

ရုတ်တရက် စေ့ခါးကို ပြေးဖက်လာတာမို့ စေ အငိုက်မိသွားပေမယ့် စေ့ကို မော့နမ်းဖို့ပြင်လာတဲ့ နဒီလှိုင်းကြောင့် စေ ချက်ချင်းပဲ ခေါင်းကို မော့လိုက်မိတာ‌ကြောင့် နှုတ်ခမ်းချင်း ထိကပ်မသွားပေမယ့် စေ့မေးဖျားကို တစ်စွန်းတစ်စထိသွားရသည်။ ဒါ့အပြင် စေ့ကို အတင်းဖက်ထားကာ စေ့ရင်ဘတ်နဲ့ထိတွေ့နေတဲ့ နဒီလှိုင်းရဲ့အထိအတွေ့တွေကြောင့် စေ့မှာ နှောင်းငယ်ကိုပဲ မျက်လုံးထဲမြင်ယောင်မိရင်း ရင်ခွင်ထဲက နဒီလှိုင်းကို အတင်းတွန်းဖယ်ကာ တွန်းထုတ်လိုက်မိသည်။

"မင်း အရှက်မရှိဘူးလား နဒီလှိုင်း.... မင်းကို အလိုမရှိပါဘူးလို့ပြောနေတဲ့ ယောကျာ်းတစ်ယောက်ကို မင်းဘာလို့ အတင်းဖက်တွယ်နေရတာလဲ ဟမ်"

"ဟင့်အင်း စေ့ကို ပိုင်ဆိုင်ရမယ်ဆို ဒီဒီအကုန်လုံးကို ရင်းရဲတယ်.... စေ ခုချိန်မှာ ဘာလိုအပ်နေလဲဆိုတာ ဒီဒီသိတယ်"

"ဘာပြောတယ်"

"ဒီဒီနဲ့‌တွဲတုန်းက S** ကိစ္စတွေမှာ စေဘယ်လောက်ထိ စိတ်အားထက်သန်တဲ့လူလည်းဆိုတာ ဒီဒီအသိဆုံးပါ.... ခု ဒီမိန်းမကိုကျ ထိတွေ့ချင်စိတ်တောင်ရှိမနေလို့ ခုချိန်ထိ တူတူမနေကြရသေးတာမလား..... စေ တင်းကြပ်နေတာတွေကို ဒီဒီ ကူပြီး ဖြေရှင်းပေးမယ်လေ.... ပြောမရဘူး ဒီဒီတို့အရင်ကရင်ခုန်သံတွေကို အတူတူ ပြန်ရှာတွေ့သွားနိုင်တာပဲလေ နော်..... စေ နော်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now