"စေ့ရုံးခန်းကိုသိတယ်မလား"
"ဟုတ်"
"ဒါဆို ကျွန်တော်လိုက်မပို့တော့ဘူးနော်.... အလုပ်ကိစ္စလေးလည်း ရှိသေးလို့ ၆လွှာကို အရင်သွားလိုက်ဦးမယ်ဗျ.... နောက်ပြီး ချစ်သူ နှစ်ဦး ကြည်နူးနေမှာကိုလည်း မမြင်ချင်တာပါတယ်"
"အဟွန့် မရည်ရွယ်ပါဘူးရှင်.... ဒီနေ့ ကောင်းပြည့်က ကိစ္စရှိလို့ ခွင့်ယူထားတယ်ဆို.... မောင်က ကောင်းပြည့်မရှိရင် သူရှိမှ ရမယ်ဆိုပြီး ရုံးလာတက်တာတဲ့..... မနက်ကပဲပြောနေသေးတာ"
"ဟုတ်တယ်.... မင်္ဂလာပွဲလည်း နီးပြီဆိုတော့ အလုပ်တွေလည်း ရှုပ်နေလို့လေ.... ခုတောင် ဖိတ်စာတွေ ဖိတ်နေရင်း လုပ်လက်စကိစ္စတစ်ခုက မပျက်သေးလို့ လာလုပ်ပေးတာ.... ခု ကျွန်တော်ရောက်နေတာတောင် စေ မသိသေးဘူး"
"ဟုတ်လား"
ကောင်းပြည့်နဲ့ စကားပြောနေတုန်းမှာပဲ မောင့်ရုံးခန်းရှိတဲ့အထပ်ကို ရောက်နေပြီမို့ နှောင်း ကောင်းပြည့်ကို နှုတ်ဆက်ပြီး ဓာတ်လှေကားထဲက ထွက်လာခဲ့လိုက်သည်။ မောင့်ရုံးခန်းကို နှောင်း တစ်ခေါက်ရောက်ဖူးထားတာမို့ ဓာတ်လှေကားရဲ့ ဘယ်ဘက်ခြမ်းကို တစ်ခါတည်း ချိုးကာ တည့်တည့်မတ်မတ်ပဲ လျှောက်လာခဲ့လိုက်သည်။ ဝယ်လာတဲ့နေ့လည်စာဘူးတွေကို လက်က ကိုင်ထားကာ နှောင်း ရုတ်တရက်ရောက်လာရင် အံ့ဩသွားမယ့် မောင့်ပုံစံကို မြင်ယောင်ပြီး ပြုံးနေမိတာက မရပ်တံ့နိုင်ခဲ့။
💕💕💕💕💕
တောက်!!!!!
စေထိုင်နေတဲ့နားထိလျှောက်လာပြီး စေ့ပုခုံးပေါ် လက်တစ်ဖက်လာတင်တာတဲ့ နဒီလှိုင်းကြောင့် စေ ချက်ချင်းပဲ ထိုလက်တွေကို ရုန်းဖယ်လိုက်ကာ တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်ပြီး ထိုင်ခုံမှာထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်မိသည်။
“နဒီလှိုင်း..... မင်း စည်းမကျော်လာနဲ့..... မင်းနဲ့ပတ်သက်တဲ့အလုပ်ကိစ္စကို မင်းမန်နေဂျာနဲ့ပဲ ငါဆက်ပြောလိုက်မယ်..... ဒါကြောင့် ခု ငါ့ဒေါသကို မဆွဘဲ မင်း ထွက်သွားလိုက်တော့”
“ဘယ်လိုဖြစ်တာလဲ စေရဲ့..... ဒီဒီက စေနဲ့ ဆွေးနွေးစရာကိစ္စရှိနေလို့ပါဆို..... အဲ့ဒါဆွေးနွေးပြီးရင် စေ မနှင်တောင် ကိုယ့်ဘာသာ ပြန်မှာပါ”
💕One & Only💕
Start from the beginning
