💕One & Only💕

Start from the beginning
                                        

ထိုကောင်မလေးစကားကြောင့် နှောင်းအတွေးထဲ လက်ခနဲဖြစ်သွားရင်း

"ညီမလေး... အစ်မ တစ်ခုလောက် တောင်းဆိုလို့ရမလား"

"ရှင်"

"ဟိုလေ.... အစ်မက မောင့်ကို... အဲ.... စေ့ကို Surprise လာလုပ်တာမို့လေ..... အစ်မကို ဒီအတိုင်းပေးတက်လိုက်လို့ မရဘူးလား"

"ဟို.....အဲ့ဒါကျတော့.... ညီမလေးတို့အတွက်ကလည်း စည်းကမ်းဖြစ်နေတော့လေ..... ကူညီပေးလို့မရလို့ပါရှင့်"

ထိုကောင်မလေးပြောတာလည်း ဟုတ်နေတာမို့ နှောင်း မသိမသာ သက်ပြင်းလေး ချလိုက်မိသည်။

"နှောင်း"

နောက်ဘက်ကနေ နှောင်းနာမည်ကို ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ကောင်းပြည့်ဖြစ်နေတာမို့ အားကိုးစရာလူတစ်ယောက်ကို တွေ့လိုက်ရသလို နှောင်းပျော်သွားမိသည်။ ကောင်းပြည့်က နှောင်းနားကို လျှောက်လာရင်း

"စေ့ဆီကို လာတာလား"

"ဟုတ်တယ်ရယ်.... မောင့်ကို Surprise လုပ်မလို့လေ.... ဒါပေမယ့် ကြိုချိန်းမထားလို့ မောင့်အတွေးရေးမှူးဆီ ဖုန်းဆက်ပေးမယ်ဆိုလို့ စောင့်နေတာ"

"ဟာဗျာ.... Surprise လုပ်မှာပါဆိုမှ ဖုန်းဆက်ပေးလို့ ဖြစ်မလား..... ကျွန်တော်နဲ့လိုက်ခဲ့လိုက်လေ"

"အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်နော်"

"ရပါတယ်ဗျာ.... ဧည့်သည့်အတွက် Visitor Card တစ်ခုပေးပါ ညီမ‌"

"ဟုတ်.... ဟုတ်ကဲ့ပါ Boss"

ဝန်ထမ်းကောင်မလေးပေးလာတဲ့ ကဒ်ကို လှမ်းယူကာ နှောင်းကို ကမ်းပေးလိုက်ရင်း

"ကျွန်တော်တို့ သွားကြရအောင်လေ"

"ဟုတ်ကဲ့"

Receptionist ကောင်‌မလေးကို အသိမှတ်ပြု ခေါင်းလေးညိမ့်ပြလိုက်ရင်း ကောင်းပြည့်နောက်ကို ထပ်ကြပ်မကွာလိုက်လာခဲ့လိုက်သည်။ Reception ကနေ ဆက်လျှောက်သွားလိုက်ရင် ဝန်ထမ်းကဒ် (သို့မဟုတ်) Visitor ကဒ်နဲ့ ထိလိုက်မှ ဆင်ဆာပွင့်ကာ Entrance Gate ရှိသေးတာမို့ ကဒ်လေးနဲ့ထိလိုက်တော့ Gate လေးက ပွင့်သွားလေသည်။ ထိုမှ တစ်ဆင့် ဓာတ်လှေကားထဲ အတူဝင်လိုက်ကြပြီး

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now