💕One & Only💕

Start from the beginning
                                        

"မင်း မန်နေဂျာရော"

"ပါတယ်လေ"

"အိုခေ..... မင်းကိစ္စတွေကို ငါ မင်း မန်နေဂျာနဲ့ဆက်ပြောလိုက်မယ်..... မင်းပြန်လို့ရပြီ"

"မန်နေဂျာက ပါပေမယ့် ဒီကိုလိုက်လာမှာ မဟုတ်ဘူး..... ဘာလို့‌ဆို ဒီဒီက စေနဲ့နှစ်ယောက်တည်း အေးဆေး စကားပြောချင်လို့လေ...... စေ့အတွင်းရေးမှူးကောင်လေးကို ပ,ထုတ်ဖို့ ဒီဒီမန့်နေဂျာက အလုပ်ရှုပ်နေမှာ"

"န…ဒီ…လှိုင်း"

စေ စိတ်ရှုပ်ခြင်းများစွာဖြင့် နဒီလှိုင်းနာမည်ကို ခပ်ကြိတ်ကြိတ်ခေါ်လိုက်တော့ နဒီလှိုင်းက ထိုင်ရာကနေ ထလာကာ စေ့စားပွဲနားကို ပြန်လျှောက်လာပြန်သည်။ စေ စိတ်ရှုပ်ခြင်းများစွာဖြင့် ကျစ်သပ်လိုက်မိသည်။

💕💕💕💕💕

မှန်တံခါးက သူ့အလိုလိုပွင့်သွားတာမို့ နှောင်းခြေလှမ်းတို့က မောင့်ကုမ္ပဏီထဲကို အတားအဆီးမရှိ လှမ်းခဲ့လိုက်ပြီး Reception ဘက်ကို တန်းလျှောက်သွားလိုက်တော့ Reception က ကောင်မလေးက

"ဘာများ ကူညီပေးရမလဲရှင့်"

"စေညွှန်ရာနဲ့တွေ့ချင်လို့ပါ"

"ကြိုချိန်းထားတာရှိပါလားရှင့်"

"ရှင်"

"မစ္စတာစေ နဲ့တွေ့ဖို့ဆို ကြိုတင်ချိန်းဆိုထားတာမရှိဘဲ တွေ့လို့မရလို့ပါရှင့်"

"ရှင့်"

မောင်နဲ့တွေ့ဖို့ကို ကြိုတင်ချိန်းဆိုမှုတွေထိ လုပ်ရမယ်လို့ မထင်ထားတာမို့ နှောင်းမှာ ခတ္တကြောင်သွားရသည်။ မောင်နဲ့အတူတူ နေ့လည်စာစားဖို့ တစ်ခါတည်းဝယ်လာရင်း မောင့်ကို Surprise လာလုပ်တာမို့ မောင့်ဆီဖုန်းဆက်လိုက်ဖို့ကလည်း မဖြစ်နိုင်ပေ။ ဘယ်လိုလုပ်ရမလဲဆိုတာကို တွေဝေနေတုန်းမှာပဲ Reception က ကောင်မလေးက

"ဟို..... စိတ်တော့မရှိပါနဲ့နော်.... အစ်မက မစ္စတာစေရဲ့ချစ်သူလားဟင်"

"ရှင်.... ဪ ဟုတ်.... ဟုတ်ပါတယ်"

"ဒါကြောင့် ရင်းနှီးနေပါတယ်လို့ ထင်နေတာ..... ဒါဆို ခဏလေးစောင့်ပါလားရှင့်..... ညီမလေး အတွေးရေးမှူးဆီဖုန်းဆက်ပြီး အစ်မရောက်နေကြောင်း အကြောင်းကြားလိုက်ပါမယ်ရှင့်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now