"ဝင်ခဲ့ပါ" ဟု အသံပြုလိုက်သည်။
တံခါးဖွင့်လိုက်သံနဲ့အတူ ဒေါက်ဖိနပ်သံကိုပါ ကြားလိုက်ရတာမို့ စေ ကြည့်လိုက်မိတော့ နဒီလှိုင်းဖြစ်နေတာမို့ ကျစ်သပ်လိုက်မိကာ လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။
ဝင်လာတဲ့အချိန်မှာပဲ ဒီဒီ့ကို တစ်ချက်လှည့်ကြည့်ကာ လုပ်စရာရှိတာဆက်လုပ်နေတဲ့စေကြောင့် ဒီဒီပြုံးလိုက်ရင်း စေ့စားပွဲရှေ့မှာ မတ်တပ်ရပ်လိုက်ရင်း လက်နှစ်ဖက်ကို စားပွဲပေါထောက်ကာ ကိုယ်ကို အနည်းငယ်ကိုင်းလိုက်ပြီး ဆွဲဆောင်မှုရှိတဲ့အသံဖြင့်
"ဧည့်သည်လာတာကို ဧည့်မခံနိုင်လောက်တဲ့အထိ စေက အလုပ်များနေတာလား"
"မင်းနဲ့ ငါနဲ့ကြားမှာ ပြောဆိုဆက်ဆံရမယ့် အလုပ်ကိစ္စမရှိဘူးထင်တယ်"
စေ နဒီလှိုင်းကို မော့ကြည့်ပြီး ပြောလိုက်ပေမယ့် အမြင်မတော်တဲ့အရာကို မြင်နေရတာမို့ ချက်ချင်းပဲ အကြည့်တို့ကို လွှဲကာ စာရွက်စာတမ်းတွေကို စစ်နေရင်း
"ငါအလုပ်ရှုပ်နေတာမို့ လာရာလမ်းအတိုင်း ပြန်သွားပေးရင် ကျေးဇူးတင်မိမှာအမှန်ပဲ"
ဒီဒီ့အလှတရားကို မြင်ပြီး ချက်ချင်းအကြည့်လွှဲကာ နှင်ထုတ်တဲ့စကားတွေပြောနေတဲ့ စေ့ကြောင့်
တမင်ကို လည်ပင်းဟိုက်တဲ့ကိုယ်ကျပ်အင်္ကျီကို ဝတ်လာခဲ့ရတာ တန်သွားပြီဆိုပြီး စိတ်ထဲမှာတော့ ကျေနပ်မိသွားသည်။ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ကာ အလုပ်စားပွဲရှေ့မှာ ဧည့်သည်တွေကို ဧည့်ခံဖို့ပြင်ဆင်ထားတဲ့ ဆက်တီခုံမှာ ဟန်ပါပါနဲ့ဝင်ထိုင်လိုက်ရင်း
"အလုပ်ကိစ္စက ကောင်းပြည့်နဲ့ပြောရမှာ..... ဒါပေမယ့် ကောင်းပြည့်မရှိတော့ ဒီဒီက စေနဲ့ပဲပြောရတော့မယ်ထင်တယ်"
"အဲ့ဒါဆို ကောင်းပြည့်ကို ဖုန်းဆက်လိုက်ပါလား"
"ဖုန်းနဲ့ပြောလို့မရလို့ပေါ့.... ခုဆန်းဒေးကျရင် စင်္ကာပူမှာလုပ်မယ့် Fashion Week ကို တက်ဖို့ ဒီဒီ့ကို ဖိတ်ထားတယ်.... အဲ့ကနေအပြန် ထိုင်ဝမ်မှာ မဂ္ဂဇင်းကာဗာရိုက်ဖို့ရှိသေးတယ်"
"............."
"ထိုင်ဝမ်က မဂ္ဂဇင်းတိုက်နဲ့က ကောင်းပြည့်နဲ့ပဲ ပြောထားတာလို့ပြောတယ်.... အသေးစိတ်ကို ကောင်းပြည့်ပဲသိမယ်ထင်လို့ ဒီဒီကိုယ်တိုင် လာမေးကြည့်တာ"
💕One & Only💕
Comenzar desde el principio
