အဲ့ညနောက်ပိုင်းမှာ နှောင်းငယ်က အစ်မလင်းနဲ့အတူဝယ်လာတယ်လို့ ယူဆရတဲ့ ပိုးသားညအိပ်ဝတ်လေး ၄စုံလောက်ကို အလှည့်ကျ ဝတ်လေ့ရှိသည်။ ပထမဆုံးဝတ်တဲ့ ညအိပ်ဂါဝန်အပြင် နောက်ထပ် ဂါဝန်တစ်ထည်ပါသေးပေမယ့် အဲ့ဒါလေးက ရိုးရိုးလက်ဖောင်းလေးနဲ့ လည်ပင်းကလည်း သိပ်မဟိုက်ပေ။ ကျန်တာတွေကတော့ ပိုးသားဝမ်းဆက် ဘောင်းဘီတိုလေးတွေဖြစ်သည်။ တစ်ခါတစ်လေတော့လည်း အရင်ဝတ်နေကျ တီရှပ်နဲ့ ချည်ဘောင်းဘီတိုပဲ ဝတ်အိပ်တာလည်းရှိသည်။
ဒီမနက်လည်း စေအိပ်ရာထတော့ ဘေးမှာ အိပ်နေတဲ့နှောင်းငယ်ကို မြင်လိုက်ချိန်မှာ နှောင်းငယ်က ပုံမှန်ဝတ်နေကျ တီရှပ်နဲ့ ချည်ဘောင်းဘီတိုလေး ဝတ်ပြီး အိပ်နေပေမယ့် မြင်နေရတဲ့ ပေါင်တံဖွေးဖွေးလေးတွေကြောင့် စေ့မှာ မနက်ပိုင်း လေ့ကျင့်ခန်းကို ပုံမှန်လေ့ကျင့်ခန်းတွေအစား ရေချိုးခန်းထဲမှာ တစ်ကိုယ်တည်း ဖြေရှင်းလိုက်ရသေးသည်။ တစ်ခါတစ်လေ နှောင်းငယ်က တစ်ခုခုကောက်နေလို့ လည်ပင်းဟိုက်သွားချိန်မှာ မြင်လိုက်ရတဲ့ ရင်ညွန့်လေးနဲ့ တစ်စွန်းတစ်စမြင်လိုက်ရတဲ့ အတွင်းခံဘရာရောင်လေးတွေ၊ ရေချိုးပြီးချိန်မှာ ရေစက်လေးတွေ တွဲလွဲခိုနေတဲ့ နှောင်းငယ်မျက်နှာလေး၊ နှောင်းငယ်ကို ဖက်လိုက်တိုင်း ထိတွေ့နေရတဲ့ နှောင်းငယ်ရဲ့အထိအတွေ့တွေက စေ့ကို သွေးတိုးစမ်းနေသလိုပင်။
အနောက်နိုင်ငံမှာ လူငယ်ဘဝကို ကုန်ဆုံးခဲ့တဲ့ စေ့အတွက် ချစ်သူသမီးရည်းစားချင်း သွေးသားဆန္ဒကိစ္စတွေဆိုတာ အထူးအထွေမဟုတ်ပေမယ့် နှောင်းငယ်အတွက်က ဒီကိစ္စက အရေးအကြီးဆုံးကိစ္စဖြစ်နေနိုင်သည်။ မဟုတ်ဘူး ဖြစ်ကိုဖြစ်နေတာပင်။ ပွင့်ပွင့်လင်းလင်းတောင်းဆိုဖို့ကိုလည်း စေ့မှာ ပြောမထွက်ပေ။ စေ့ဘက်က တောင်းဆိုလိုက်လို့ ငြင်းရမှာအားနာလို့ စေ့ကို လိုက်လျောလိုက်တာမျိုးကိုလည်း မလိုချင်ပေ။ ဒီလိုကိစ္စတွေက ချစ်သူနှစ်ယောက်စလုံး အဆင်ပြေမှ နှစ်ကိုယ်တူ ကြည်နူးရတာမျိုးမို့ စေတစ်ယောက်တည်းရဲ့ဆန္ဒတစ်ခုတည်းနဲ့လည်း နှောင်းငယ်ကို မချည်နှောင်ရက်။
!ဒေါက် ဒေါက်!
အတွေးများနဲ့ ယောက်ယက်ခတ်နေစဉ် အခန်းတံခါးခေါက်သံကြောင့် ကိုယ်ကို မတ်မတ်ပြန်ပြင်ထိုင်လိုက်ပြီး
💕One & Only💕
Start from the beginning
