💕His Ex & Why💕

Start from the beginning
                                        

အရောင်းဝန်ထမ်းကောင်မလေး ခေါ်ရာနောက်ကို နှစ်‌ယောက်သား လိုက်သွားခဲ့ပြီး ဝန်ထမ်းကောင်မလေး ပြတဲ့ ညအိပ်ဝတ်တွေကို မြင်လိုက်ရချိန်မှာတော့ နှောင်းမျက်နှာတစ်ခုလုံး ပူနွေးသွားရလေသည်။ ပုခုံးကြိုးလေးက ပါတယ်ဆိုရုံလောက်သာ သေးမျှင်နေတဲ့ လက်တစ်လုံးကြိုးနဲ့ ပေါင်လယ်လောက်သာရှိသည့် ဂါဝန်တိုလေးက တကယ်ကို ပါးလွှာလွန်းလှသည်။

"ဒီဒီဇိုင်းလေးက ခုနောက်ဆုံးထွက်ထားတဲ့ ဒီဇိုင်းလေးပါရှင့်"

"ဟိုလေ.... ဒီလောက်ကြီးကျတော့လည်း အစ်မမဝတ်ရဲလို့လေ တစ်ခြားအရမ်းမဖော်တဲ့ဒီဇိုင်းလေးတွေရှိသေးလား ညီမလေး"

"ရှင်"

"နင်ကလည်း ဟန်းနီးမွန်းထွက်တာပဲကို ဒီလောက်တော့ ဝတ်လေ"

"ဟမ်"

လင်းက နှောင်းကို မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြုံးစိစိနဲ့အသာနေဆိုတဲ့သဘောမျိုးပြောတာကြောင့် နှောင်းလည်း ဘာဖြေရှင်းချက်မှ မပေးတော့ဘဲ လင်းနားမှာရပ်ကာ လင်းစီစဉ်ပေးတာကိုပဲ ကြည့်နေလိုက်တော့သည်။

"ရတယ် ညီမလေး အစ်မပဲသူ့ကိုယ်စားရွေးပေးလိုက်မယ်..... ဒီဟာက ဆိုဒ်လေးတွေရှိသေးလား"

"‌ဟုတ်ကဲ့ ဆိုဒ်စုံရသေးတယ်ရှင့်"

"အိုခေ အိုခေ အစ်မကို M Size ထဲက နည်းနည်းဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း ၅မျိုးလောက်ပြပေးနော်"

"ဟုတ်ကဲ့ရှင့်"

ဒီလိုနဲ့ ရှော့ပင်းထွက်လိုက် မုန့်စားလိုက်နဲ့ သူငယ်ချင်းနှစ်ယောက် အိမ်ပြန်ချိန်က ညနေစောင်းနေပြီဖြစ်သည်။ ညနေကျတော့ မောင်ကပဲ နှောင်းတို့ကို လာကြိုပေးကာ လင်းကိုလိုက်ပို့ပေးလိုက်ကြရင်း တီမြိုင်တို့ဆီမှာပဲ ညနေစာကို ဂုန်းဆင်းလိုက်ကြလေသည်။ လင်းကတော့ နှောင်း ကား‌ပေါ်မတက်ခင် နှောင်းနားကပ်က တိုးတိုးလေးပြောသွားသေးတာက ဒီညကို လှုပ်ရှားလိုက်တော့တဲ့လေ။ အမြင်ကပ်လှတာမို့ လင်းလက်ကိုတွဲထားတဲ့ ဦးကို "နင့်မိန်းမကို နင်သေချာထိန်းဦး" ဟု ပြောလိုက်သေးသည်။

💕💕💕💕💕

မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ရင်း နှောင်းမှာ အပြင်ထွက်ဖို့ကို တွေဝေနေမိသည်။ ဆင်ဆွယ်ရောင် ကြိုးတစ်လုံးဂါဝန်ကိုမှ လည်ဟိုက်တာက ရင်ညွန့်လေးတောင် ပေါ်နေပြီဖြစ်သည်။ ဒီအဝတ်အစားဝတ်ပြီးတော့ မောင့်ရှေ့သွားရမှာတော့ မရဲပါ။ ခန္ဓာကိုယ်မှာ ချပ်ရပ်ကပ်နေတဲ့ ပိုးသားပျော့ပျော့က နှောင်းခန္ဓာကိုယ်ရဲ့ အရှိကို အရှိတိုင်းကို ဖော်ပြထားသလိုဖြစ်နေတာမို့ မှန်ရှေ့မှာရပ်နေရင်း ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်ကာ ကြက်သီးမွှေးညင်းများတောင် ထလာလေသည်။ အပေါ်ကနေ ထပ်ဝတ်ဖို့ ခါးစည်းကြိုးနဲ့အပေါ်ထပ်လေး တစ်ထပ်ပါတာမို့ နှောင်းလည်း အဲ့အပေါ်ထပ်လေးကို ထပ်ဝတ်လိုက်လေသည်။ ခုမှ နေရထိုင်ရတာ လုံခြုံသွားသလိုပင်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now