💕His Ex & Why💕

Start from the beginning
                                        

"ဒါပေမယ့် အဲ့ဝမ်းဆက်တွေက ပေါ့ပေါ့ပါးပါးရှိတယ်လေ"

"နင့်ကြီးတော်ကြီး ပေါ့ပေါ့ပါးပါး....... မဖြစ်သေးဘူး နင်နဲ့ငါ ဒီတစ်ပတ်ပိတ်ရက်ကို Shopping ထွက်ရအောင်"

"ဘာလို့လဲ"

"ဆွဲဆောင်မှုရှိတဲ့အလှတရားလေးတွေကို သွားဝယ်ကြမယ်လေ"

"ဟမ်"

လင်းပြောတာကို နားမလည်လိုက်တဲ့နှောင်းဟာ ရုံးပိတ်ရက်မှာတော့ Shopping Center တစ်ခုဆီကို မမဗိုက်နဲ့အတူ ရောက်ရှိလာခဲ့သည်။ လင်းက နှောင်းနဲ့နှစ်ယောက်တည်း သွားချင်တယ်ဆိုတာကြောင့် မောင့်ကိုရော ဦးကိုပါ ပလစ်ခဲ့တာဖြစ်သည်။ လင်းရဲ့ဗိုက်က ၇လနီးပါးမို့ ကော့ပြန်နေကာ ပန်းနုရောင် ဗိုက်ဖုံးဂါဝန်လေးနဲ့ တအားကို ချစ်ဖို့ကောင်းတာ အမှန်ပင်။ နှောင်းမှာ လင်းလက်ကို သေချာတွဲထားကာ စက်လှေကားပေါ်သေချာတက်ရသည်။ မမဗိုက် တစ်ခုခုဖြစ်သွားခဲ့ရင် အကုန်လုံးရင်ကျိုးရမှာ။ ဦးက လိုက်ခဲ့ပေးမယ်ပြောတာကို လင်းက နှောင်းနဲ့နှစ်ယောက်တည်းပဲ သွားချင်တယ်လို့ ပူဆာနေတာမို့ ဦးလည်း မတတ်သာဘဲ နှောင်းကို သေချာအပ်ကာ မမဗိုက်ကို သွားခွင့်ပေးလိုက်တာဖြစ်သည်။

ဒီလိုနဲ့ စင်တာရဲ့ပထမထပ်ကို ရောက်တော့ လင်းက ညအိပ်ဝတ်စုံတွေ ရောင်းတဲ့ နာမည်ကြီး Brand ဆိုင်ကို ဦးတည်ဝင်သွားလေသည်။ နှောင်းလည်း လင်းရဲ့လက်ကို တွဲကိုင်ကာ ဆိုင်ထဲအတူတူလှမ်းဝင်လိုက်မိတော့ ဆွဲဆောင်မှုရှိတဲ့ ညအိပ်ဝတ် မျိုးစုံကို တွေ့ရလေသည်။ ဒါမျိုးတွေကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးပေမယ့် နှောင်းအတွက်က အနေကျုံ့စေတာမို့ တစ်ခါမှ ယောင်လို့တောင် လှည့်မကြည့်ဖူးပါ။ ခုတော့ လင်းကျေးဇူးနဲ့ ဆိုင်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေပြီ ဖြစ်သည်။

"မင်္ဂလာပါရှင့်..... ဘာများကူညီပေးရမလဲ"

"သူ့အတွက် ညအိပ်ဝတ်လေးတွေ ကြည့်ချင်လို့ ညီမလေး...... ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလေးတွေထဲက ကြည့်ချင်တာ"

"ဟုတ်ကဲ့ရှင့်...... ဒီဘက်ကို ကြွပါနော် ညီမလေး လိုက်ပြပေးပါမယ်ရှင့်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now