စကားကို စည်းဝါးလွတ်ပြောနေတဲ့ လင်းကြောင့် နှောင်းမှာ လင်းရဲ့ပေါင်ကို ဖျက်ခနဲရိုက်လိုက်ပြီး
"မိန်းမ..... ယောကျာ်းရပြီးမှ စကားကို လက်လွတ်စပယ်တွေ ပြောနေတယ်"
"ဘာဖြစ်လဲ ငါက ငါ့သူငယ်ချင်းအတွက် စိတ်ပူပေးနေတာလေ...... စေသာ ကျန်းမာရေးကောင်းတယ်ဆို အဓိက ပြဿနာက နင့်မှာဖြစ်နေတာလို့ပဲ မြင်တယ်"
"ဟမ်"
"ဟုတ်တယ်လေ...... နင်ကလည်း စေ့ကို နည်းနည်းပါးပါးဆွဲဆောင်ကြည့်ပါလား...... စေ့ကြည့်ရတာတော့ နင့်ကို စိတ်ကုန်နေတဲ့အရိပ်အယောင်တော့ မရှိပါဘူး........ အဓိကက နင့်ဘက်က နည်းနည်းလေး လမ်းဖောက်ပေးလိုက်ပေါ့"
"ဟဲ့ နင်ပြောပုံဆို ငါကပဲ တအားတွေဖြစ်နေတဲ့ပုံနဲ့"
"အဲ့ဒါဆို နင်က ခု မဖြစ်လို့လားပြော"
"မဟုတ်...... မဟုတ်ဘူးလေ ငါပြောချင်တာ မောင်က အရင် EX နဲ့တုန်းက ဒီလိုကိစ္စတွေရှိခဲ့ဖူးပေမယ့် ငါနဲ့ကျတော့ ဘာကြောင့်လဲဆိုတာကို သိချင်တာ"
"အေးလေ အဲ့ဒါကြောင့် ငါက စေ့ကို ဆွဲဆောင်ကြည့်ဖို့ပြောတာလေ"
"................."
"သူနဲ့အရင်ကထက် လက်ပွန်းတတီးနေတာမျိုး၊ အိပ်တဲ့အခါလည်း Sexy ဖြစ်တဲ့ ညအိပ်ဝတ်စုံ......... နေပါဦး နင် စေနဲ့ ခုတူတူနေတော့ အိမ်နေရင်းနဲ့ ညဘက်ကို ဘာတွေ ဝတ်လဲ"
"အရင်ဝတ်နေကျတွေပဲလေ"
"ကာတွန်းဝမ်းဆက်တွေ၊ ချည်ဘောင်းဘီတိုနဲ့တီရှပ်ပွပွကြီးတွေလား"
ခေါင်းညိတ်ပြလာတဲ့ နှောင်းကိုကြည့်ပြီး လင်းမှာ နားထင်က သွေးကြောတွေ တဒုတ်ဒုတ်မြည်လာတာကိုပင် ခံစားမိရလောက်တဲ့အထိ သွေးတိုးနေပြီဖြစ်သည်။
"စေ မပြောနဲ့ ငါသာစေ့နေရာမှာဆိုရင်လည်း နင့်ပေါ်ကို ဘာစိတ်မှကို ရှိတော့မှာမဟုတ်ဘူး........ ဘယ်နှယ့်ရည်းစားနဲ့ တစ်အိမ်တည်းနေတာကို ဆွဲဆောင်မှုရှိတဲ့ကိုယ့်ရဲ့အလှတွေကို ပြမယ် မစဥ်းစားဘူး...... အဲ့ကာတွန်းဝမ်းဆက်တွေကို ဝတ်နေမှတော့ စေက နင့်ကို ဆွဲဆောင်မှုရှိတယ်လို့ မြင်ပါတော့မလား"
💕His Ex & Why💕
Start from the beginning
