💕His Ex & Why💕

Start from the beginning
                                        

"ဟို..... ဟို ဒီအတိုင်းပဲလေဟယ်"

နှောင်းကို ကြောင်ကြည့်နေတဲ့လင်းကို နှောင်း ဘယ်မျက်နှာနဲ့ ချစ်သူနှစ်ဦးကြားက ကိစ္စတွေ ရင်ဖွင့်ရပါ့မလဲ။ ဒါပေမယ့် နှောင်းမှာ အရင်းနှီးဆုံးသူငယ်ချင်းဆိုလို့ လင်းပဲရှိတာမို့ လင်းကိုပဲ ပွင့်ပွင့်လင်းလင်းပြောပြပြီး အကြံဉာဏ်တောင်းသင့်တယ်လို့ ထင်မိတယ်။ ဘာလို့ဆို နဒီလှိုင်းပြောပုံအရဆို မောင် သူနဲ့တွဲတုန်းက အဲ့လိုကိစ္စတွေပေါ်မှာ စိတ်အားထက်သန်တယ်လို့ ယူဆလို့ရနိုင်တယ်။ ဒါပေမယ့် မောင်က နှောင်းနဲ့ကျတော့........?

အတူတူတစ်အိမ်ထဲနေနေချိန်မှာ ရုပ်ရှင်တွေထဲကလို မင်းသားက မင်းသမီးရေချိုးခန်းထဲက ထွက်လာတဲ့အချိန်မျိုး၊ အဝတ်အစားလဲနေတာကို အမှတ်မထင်မြင်လိုက်ရတာမျိုး၊ အိပ်နေရင်တောင် ဒူးပေါ်ပေါင်ပေါ်ဆို တအားကို စိတ်ထိန်းချုပ်ထားရတဲ့ပုံမျိုး ဖြစ်တတ်ကြတယ်လေ။ နောက်ပြီးကျရင် နောက်တစ်ဆင့်ကိုတက်သွားပြီး မနက်မိုးလင်းသွားကြတာမျိုးပေါ့။

ခုတော့ မောင်က နှောင်း ရေချိုးခန်းထဲက ထွက်လာတဲ့အချိန်ဆိုလည်း နှောင်းကို အအေးပတ်မှာစိုးလို့ အဝတ်အစားမြန်မြန်လဲဖို့ပြောကာ အကြည့်ရိုင်းရိုင်းတွေတော့ တစ်ခါမှ ရောက်မလာခဲ့ပါ။ နှောင်းကပဲ Bathrobe အပြည့်အစုံဝတ်ထားလို့များလား။ နောက်ပြီး နှစ်ယောက်အတူတူအိပ်တဲ့အချိန်ဆိုလည်း နှောင်းကို မောင်က သူ့ရင်ခွင်ထဲသိုင်းဖက်ကာ ကျောပြင်လေးကို ပုတ်ပေးပြီး ချော့သိပ်တာမျိုးလောက်သာရှိသည်။ တကယ်ပဲ နှောင်းက မောင့်အတွက် ဆွဲဆောင်မှုမရှိနေတာလားဆိုတာက နှောင်းအတွက်တော့ တုန်လှုပ်စရာပင်။

"ဟဲ့ မေးနေတာဖြေလေ"

"ဟင် ဘာမေးလိုက်တာလဲ"

"နင်ပြောတဲ့ဒီအတိုင်းဆိုတာက ဘာကိုပြောတာလဲလို့...... နဖူးလေးနမ်း ပါးလေးနမ်းပြီး ဂွတ်နိုက်ဆိုပြီး အိပ်သွားကြတာလား"

"ဟို....... ဟို နှုတ်ခမ်းချင်းလည်း နမ်းပါတယ်ဟ....... ဒါပေမယ့် အဲ့လောက်ပဲ"

"ဟင် တကယ်ကြီး"

"အင်း"

"ဘယ်လိုကြီးလဲဟ.... စေ့ပုံစံကြည့်ရတာတော့ ကျန်းမာရေးကောင်းပုံပါပဲ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now