💕His Ex & Why💕

Start from the beginning
                                        

"ကဲပါ မဗိုက်ရယ်..... စိတ်လျော့ပါ ကလေးမျက်လုံးပြူးနေပါဦးမယ်"

နဒီလှိုင်းနဲ့စကားပြောဖြစ်ခဲ့တဲ့အကြောင်းတွေကို လင်းကို ပြောပြမိတော့ လင်းက နှောင်းကိုယ်စား ဒေါသတွေ ဖြစ်ပေးနေတာမို့ နှောင်းက စိတ်လျော့ဖို့ပြောတော့ နှောင်းကို မျက်စောင်းထိုးလာလေသည်။ ထို့နောက် နှောင်းနားကို ပိုတိုးကပ်ထိုင်ကာ လေသံခပ်အုပ်အုပ်ဖြင့်

"ဒါနဲ့လေ နင်ခုထိ စေနဲ့အတူတူနေတာ တကယ်ပဲ ဘာမှမဖြစ်ကြသေးဘူးလား"

"ဟဲ့"

နှောင်းမှာ ရုတ်တရက်အမေးခံလိုက်ရတာမို့ မျက်နှာတွေပူထူသွားကာ မောင်ရှိနေမယ့်ဧည့်ခန်းဘက်ကို မလုံမလဲ လှမ်းကြည့်လိုက်မိသည်။ ဒီနေ့နှောင်းတို့က ညစာအတူတူစားဖို့ တီမြိုင်တို့အိမ်မှာ ရောက်နေတာဖြစ်ပြီး မောင်က လေးနိုင်နဲ့ထိုင်ပြီး စကားပြောနေကာ တီမြိုင်နဲ့ဦးကတော့ ညစာအတွက် ပြင်ဆင်နေကြတာဖြစ်သည်။ နှောင်းနဲ့လင်းကတော့ ဝရံတာက ထိုင်ခုံလေးမှာထိုင်ပြီး စကားပြောနေကြတာမို့ မောင်နဲ့တော့ နည်းနည်းအလှမ်းဝေးပေမယ့် ပွင့်လင်းလွန်းတဲ့လင်းရဲ့အမေးကြောင့် မောင်ကြားသွားမှာကို စိုးရိမ်မိသွားတာဖြစ်သည်။

မျက်နှာတွေရဲကာ အရှက်ကြီးရှက်သွားပုံရတဲ့နှောင်းပုံစံကြောင့်

"ဟဲ့ တကယ်ကြီး နင်တို့.........."

ပြောလည်းပြော လင်းမှာ အနောက်ကိုလည်း မသိမသာကြည့်ကာ နှောင်းနားကပ်ရင်း

"နင်တို့ခုထိ ဘာဆိုဘာမှ မဖြစ်ကြသေးဘူးလား"

နှောင်းရှက်ပေမယ့်လည်း ဖြစ်ရပ်မှန်မို့ မချိပြုံးဖြင့်သာ ခေါင်းညိတ်ပြလိုက်ရသည်။ လင်းရဲ့ပါးစပ်အဟောင်းသားဖြစ်သွားတဲ့ပုံစံက နှောင်းအတွက်တော့ တကယ်ကို မျက်နှာပူစရာပင်။

"ငါ့ကို အသေးစိတ်ပြောပြစမ်းပါဟယ်...... နင့်အတွက်ကို ငါစိတ်တောင်ပူလာပြီ"

"ဘာကို အသေးစိတ်လဲ နင်ကလည်း..... ဘာမှမဖြစ်ပါဘူးဆို"

"အဲ့မဖြစ်တာကို ငါသိချင်တာလေ..... နင်ပြောပြမှ ငါက အကြံပေးလို့ရမှာပေါ့"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now