💕His Ex & Why💕

Start from the beginning
                                        

"တကယ်ပြန်လို့ရတာလားဟင်"

"ဒါပေါ့...... နှောင်းငယ်ရဲ့"

"နှောင်းကြောင့် မောင့်သူငယ်ချင်းတွေကြားမှာ ‌မောင် မျက်နှာပျက်ရမှာစိုးလို့...... တကယ်ဆို နှောင်း ဒီမှာနေရတာ မူးနောက်နေသလို ခံစားနေရတာ"

"ဟုတ်လား မောင့်ကို စောစောမပြောဘူး နှောင်းငယ်ရယ်.... အဲ့ဒါကြောင့် စောနကတည်းက နှောင်းငယ်မျက်နှာကို ကြည့်နေတာ ဖြူဖတ်ဖြူရော် ဖြစ်နေပါတယ်ဆိုပြီး"

".................."

"လာ မောင်တို့ ကောင်းပြည့်တို့ကို နှုတ်ဆက်ပြီး ပြန်ကြရအောင်လေ"

"ဟုတ်"

မျက်နှာလေးက ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ နှောင်းငယ်ရဲ့လက်ဖဝါးလေးကို ဆွဲကိုင်ကာ ခန်းမဘက်ကို နှစ်ယောက်အတူတူ လျှောက်လှမ်းလာခဲ့လိုက်သည်။ လူများတဲ့နေရာတွေ ပွဲလမ်းသဘင်တွေဆို သိပ်မကြိုက်တဲ့ နှောင်းငယ်ကို ခေါ်သာခေါ်လာခဲ့ရပေမယ့် နှောင်းငယ် အဆင်ပြေ မပြေကို အရိပ်တကြည့်ကြည့်ကြည့်နေခဲ့ပေမယ့် နှောင်းငယ်ပုံစံက ပျော်နေပုံပေါက်တာမို့ စေ စိတ်ချလက်ချနေလိုက်တာဖြစ်သည်။ Toilet မသွားခင်ကအထိ လန်းဆန်းနေတဲ့နှောင်းငယ်ပုံစံက Toilet က ပြန်ထွက်လာချိန်မှာတော့ အနည်းငယ်နွမ်းနေတာမို့ စိတ်ပူမိတာအမှန်ပင်။

ရည်းစားလက်ကို တွဲထားပြီး ဘေးကနေ အရိပ်တကြည့်ကြည့်ဖြစ်နေတဲ့ စေ့ကို နောက်ကနေ လှမ်းမြင်နေရတာ ဒီဒီ့အတွက် အဆင်မပြေပါ။ ပွဲကို စရောက်ကတည်းက နှောင်းရိပ်ငယ်ကိုပဲ အရိပ်တကြည့်ကြည့်ဖြစ်နေတဲ့ စေ့ မျက်ဝန်းတွေ စေ့အပြုအမူတွေက ဒီဒီ့ရင်ကို ဓားနဲ့မွှန်းနေသလိုပင်။ ဒီဒီနဲ့တုန်းက စေ့မှာ ဒီလိုအမူအကျင့်တွေ အကြည့်တွေ ရှိမနေခဲ့ပါ။ ဒါကြောင့် ပိုခံရခက်မိသည်။ ဘာကြောင့် ဒီဒီပိုင်ဆိုင်ခွင့်မရှိတဲ့ စေ့ရဲ့ ကြင်နာမှုတွေကို သူက ရနေရတာလဲ။ မုန်းတယ်...... ခုထိ ချစ်သူအဆင့်မှာပဲရှိသေးတာတောင် စေ့ကို ဒီလိုမျိုး ဆွဲဆောင်ထားနိုင်တော့ ပိုမုန်းမိသည်။

💕💕💕💕💕

"ဟဲ့ နင်က ဒီအတိုင်း ငြိမ်ခံလာရလား.... နင်မို့လို့အဲ့လောက်ပဲ ပြောလိုက်တာ...... ငါသာဆို လက်ဝါးတွေချည်း ကျွေးခဲ့မှာ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now