နဒီလှိုင်းဆီက ပြန်ဖြေသံကို နားမထောင်တော့ဘဲ ပြောစရာရှိတာပြောပြီး လှည့်ထွက်လာခဲ့လိုက်သည်။ နောက်ပါးမှာတော့ တောက်ခေါက်သံပြင်းပြင်းတစ်ချက်ကို ကြားလိုက်ရသည်။
ဂရုမစိုက်ပါ ဘယ်နှယ့် နှောင်းကပဲ မောင့်ကို မဆွဲဆောင်နိုင်ဘူးဆိုပဲ။ ဟွန့်..... ဒါပေမယ့် တကယ်လည်း မောင်က နှောင်းကို ချစ်သူသဘာဝ ပွေ့ဖက်နမ်းရှုံ့တာလောက်ပဲရှိသည်။ ဟိုတစ်ခါ မောင့်အိမ်မှာ ခရီးအလယ်လောက်ထိရောက်ခဲ့တဲ့ နောက်ပိုင်းမှာ မောင့်ဘက်က နှောင်းကို ဘာမှထပ်တောင်းဆိုတာမျိုးလည်း မရှိပေ။ သူပြောသလို မောင့်ကို နှောင်းက မဆွဲဆောင်နိုင်တာများလားဆိုတဲ့အတွေးတွေနဲ့ ဗျာများနေစဥ်
"နှောင်းငယ်"
"မောင်"
မောင်က နှောင်းရှေ့ မလှမ်းမကမ်းမှာရပ်နေရင်း နှောင်းကို လှမ်းခေါ်ပြီး ခြေလှမ်းကြဲများဖြင့် နှောင်းနားကို လျှောက်လာပုံမှာ နာမည်ကြီးမင်းသားတစ်ယောက် Red Carpet ပေါ် လျှောက်နေသလိုမျိုး ခမ်းနားထည်ဝါလှသည်က အမှန်ပင်။ ကိုယ့်ချစ်သူကို ပြန်ငေးနေမိတာ မောင်အနားရောက်လာတော့မှ သတိပြန်ဝင်လေသည်။
"နှောင်းငယ်"
"အင်း မောင် ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး နှောင်းငယ် Toilet သွားတာကြာနေလို့ လမ်းများပျောက်နေလား ဘာများဖြစ်နေလဲဆိုပြီး စိတ်ပူနေတာ"
"လမ်းပျောက်ရအောင် နှောင်းက ကလေးလား"
"ဟုတ်တယ်လေ..... မောင့်ရဲ့ကလေးလေးလေ"
မောင်ပြောလိုက်တဲ့စကားကြောင့် နှောင်းမှာရှက်သွားကာ မျက်နှာလေးရဲသွားပြီး မောင့်လက်မောင်းကို တစ်ချက်ရိုက်လိုက်မိသည်။
"သွားကြမယ်လေ မောင်"
"အွန်း ဒါနဲ့နှောင်းငယ် အဆင်ပြေရဲ့လား"
"ဘာကိုလဲ"
"လူတွေတအားများနေလို့လေ...... နှောင်းငယ်က ဒီလိုပါတီပွဲမျိုးကို သဘောမကျဘူးမလား...... ပြန်ချင်ပြန်လို့ရတယ်နော် နှောင်းငယ် ဘယ်သူ့ကိုမှ အားနာနေစရာမလိုဘူး"
💕His Ex & Why💕
Comenzar desde el principio
