"အရင်ကဆို ကိုက ယူ့လို ဒီဇိုင်းမျိုးကို ကြိုက်တာမဟုတ်ဘူး..... အဟွန့် တို့ကို တမ်းတမ်းစွဲဖြစ်ခဲ့တော့ ယူ့လိုပုံစံမျိုးကို ကိုက Falling in love သွားတယ်ဆိုတာက ဘယ်လိုမှ လက်မခံနိုင်လို့ပါ........ အသစ်အဆန်းတစ်ခုအနေနဲ့များ စိတ်ဝင်စားသွားတာလားလို့လေ"
"ဒီမှာ"
"စိတ်တော့မဆိုးနဲ့နော် တို့သိချင်တာလေး တစ်ခုရှိနေလို့ပါ"
"........................"
"ယူ့ပုံစံက ကို့အကြိုက်မဟုတ်နေတော့လေ....... ဟိုကိစ္စတွေမှာများ ဆွဲဆောင်မှုရှိနေတာလားလို့"
"ဘာရယ်"
မျက်နှာက တရုတ်ကားတွေထဲက ဗီလိန်မတွေလို နျူတုတုလုပ်ကာ ပြောနေတာမို့ နှောင်းမှာ ဒေါသက ထောင်းခနဲဖြစ်သွားကာ လက်သီးကို တင်းကြပ်စွာဆုပ်ထားလိုက်မိသည်။ သူပြောတဲ့အဓိပ္ပါယ်ကိုလည်း သိနေတာမို့ ရှက်စိတ်ကြောင့် မျက်နှာက ရဲခနဲဖြစ်သွားရသည်။
"အဟွန့်...... ဘာလဲ..... ဒီလိုရှက်သွားပုံထောက်ရင်တော့ ယူနဲ့ကိုနဲ့က တစ်ညတာတောင် မကုန်ဆုံးဖူးသေးဘူးလား"
"...................."
"အင်းပေါ့လေ...... ဖြစ်နိုင်ပါတယ်........ တို့တုန်းကတော့ ကို့ကို အရမ်းဆွဲဆောင်နိုင်ခဲ့တော့ တစ်ခြားဘယ်သူကမှ အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကို့ကို မဆွဲဆောင်နိုင်တော့ဘူးထင်ပါရဲ့........ ဆော်ရီးနော် အဟွန့်"
"ဒီမှာ ကျွန်မနဲ့မောင့်ရဲ့ပတ်သက်မှုက ရှင်နဲ့ဘာများဆိုင်နေလို့ ခုလို စည်းလွတ်ဝါးလွတ်စကားတွေကို လာပြောနေရတာလဲ"
"ဘာ"
"ရှင့်ဘာသာ တစ်ယောက်တည်း အတိတ်ကနေ ရုန်းမထွက်နိုင်သေးပဲ တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာကို နှိမ့်ချပြီး မစော်ကားပါနဲ့....... နောက်ပြီး မောင့်ကို ကျွန်မက ဆွဲဆောင်နိုင်လား မဆွဲဆောင်နိုင်လားဆိုတာ မောင်နဲ့ကျွန်မနဲ့သိရင် ရပြီ..... ရှင့်ကို အသိပေးစရာ ဘာအကြောင်းမှမရှိဘူး"
"................."
"နောက်တစ်ခုရှိတာကလေ ဂုဏ်သိက္ခာရှိတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုချစ်သူသမီးရည်းစားတွေရဲ့ အတွင်းကျကျကိစ္စတွေကို စပ်စပ်စုစု မေးတတ်တာကို ပြင်သင့်တယ်..... ရှင်ကိုယ်တိုင်ကလည်း အနုပညာရှင်တစ်ယောက်ပဲလေ..... ရှင့်လုပ်ရက်တိုင်းက ရှင့် Image ကို ကိုယ်စားပြုတယ်ဆိုတာကိုတော့ မမေ့စေချင်ဘူး........ ကျွန်မကို သွားခွင့်ပြုပါဦး"
💕His Ex & Why💕
Start from the beginning
