"အင်း ဟုတ်တယ်....... လင်း..... လင်းက သူက ဒီလိုလေးတွေ အရမ်းကြိုက်တာလေ...... ခုသူ့ဗိုက်နဲ့ ဝတ်မရတော့ နှောင်းကို လက်ဆောင်ဝယ်ပေးလိုက်တာ"
"ဟုတ်လား"
"အင်းးး ဘာလို့လဲဟင်....... နှောင်းနဲ့မလိုက်လို့လား"
"လိုက်ပါတယ် မောင်က ဒီအတိုင်း နှောင်းငယ်ရဲ့အဝတ်အစားတွေထဲမှာ မမြင်ဖူးလို့ မေးကြည့်တာ"
"အင်း"
နှစ်ယောက်ကြားထဲက စကားသံတို့က တိတ်ဆိတ်သွားတာမို့ နှောင်းကပဲ
"ဒါနဲ့ မောင်က မအိပ်သေးဘူးလား"
"နှောင်းငယ် အိပ်ချင်အိပ်နှင့်လေ..... မောင် ဒီပုံလေး လက်စသတ်လိုက်ဦးမယ်"
"ဟင်....... နှောင်း စောင့်နေပေးရမလား"
"မောင်က နောက်ကျဦးမှာ..... နှောင်းငယ် အိပ်ရေးပျက်မှာစိုးလို့ အိပ်နှင့်နော်....... မောင့်ကို မစောင့်နဲ့တော့"
နှောင်း မောင့်ကို ခေါင်းညိမ့်ပြလိုက်တော့ မောင်က နှောင်းလက်ဖဝါးကို သူ့နှုတ်ခမ်းတွေနား ဆွဲယူကာ နမ်းလိုက်ရင်း
"Good Night နှောင်းငယ်"
"ဟုတ်....... အရမ်းကြီးလည်း နောက်မကျနဲ့ဦးနော်"
"ဟုတ်ကဲ့ပါ"
အခန်းထဲက ထွက်သွားတဲ့ နှောင်းငယ်ရဲ့ကျောပြင်လေးတွေကို ကြည့်နေရင်း စေ့အကြည့်တွေက ကျောပြင်ရဲ့အောက်ဘက်ကိုပါ ရောက်သွားတာမို့ အမြန်အကြည့်လွှဲလိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ဆွဲလက်စ ပန်းချီပေါ်ကို အာရုံပြန်စိုက်ဖို့ ကြိုးစားပေမယ့်လည်း ဆွဲဆောင်မှုအပြည့်နဲ့ လှချင်တိုင်း လှနေတဲ့ နှောင်းငယ်ကိုသာ မြင်ယောင်နေမိတာမို့ စေ့မှာ အခက်တွေ့နေရသည်။ လက်ဆောင်ပေးလိုက်တဲ့ အစ်မလင်းကိုပဲ ကျေးဇူးတင်ရမလား မပြောတတ်ပေမယ့် ပူတတ်လာတဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် စေ့မှာ ဇောချွေးပါ ပြန်နေပြီဖြစ်သည်။ ရင်ပူနေတာမို့ အခန်းထဲကထွက်ကာ Kitchen ဘက်ကို လျှောက်လာလိုက်ရင်း ရေခဲသေတ္တာထဲက ရေခဲရေတစ်ဗူးကို ထုတ်ကာ ခွက်နဲ့တောင် မထည့်တော့ဘဲ ဒီအတိုင်းမော့သောက်ပစ်လိုက်သည်။
အခန်းထဲပြန်ရောက်တဲ့အထိ နှောင်းမှာ ရှက်လည်းရှက်ကာ ဇဝေဇဝါဖြစ်နေမိသည်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုမျိုး ဝတ်စားပြီး မောင့်ကို မြူဆွယ်ခဲ့တာကို မောင်က မသိပေမယ့် ကိုယ်တိုင်ကသိနေတာမို့ ရှက်မိသည်။ ရှက်စိတ်နဲ့အတူ မောင်က ဘယ်လိုမှ မနေဘဲ နှောင်းကိုတောင် အရင်အိပ်ခိုင်းလိုက်သေးသည်။ တကယ်ပဲ မောင့်အတွက် နှောင်းက ဆွဲဆောင်မှုမရှိတာလားဆိုပြီး တွေးမိတော့ နှောင်းမှာ ဝမ်းနည်းသွားရသည်။ အချိန်တစ်နာရီလောက်ကြာတဲ့အထိ အိပ်ယာထက်မှာ အိပ်မပျော်နိုင်သေးဘဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ အတွေးလွန်နေရာမှ အခန်းတံခါးဖွင့်သံကြောင့် မျက်လုံးအမြန်မှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
အိပ်ပျော်နေတဲ့နှောင်းငယ်နိုးသွားမှာစိုးလို့ ခြေသံဖွဖွနင်းကာ ကုတင်ပေါ်အသာတက်လာပြီး သူ့ဘက်ခြမ်းကို မျက်နှာမူကာ အိပ်ပျော်နေတဲ့ နှောင်းငယ်ကိုယ်လုံးလေးကို စေ့ရင်ခွင်ထဲထည့်လိုက်ပြီး နဖူးလေးကို အနမ်းပေးလိုက်မိတာက မြတ်နိုးခြင်းများစွာဖြင့်။ ခါးနားရောက်နေတဲ့စောင်လေးကို ဆွဲယူကာ နှောင်းငယ်ရဲ့လည်ပင်းနားထိ လုံအောင်ခြုံပေးလိုက်မိတာက အအေးမိသွားမှာစိုးတာရယ် အပေါ်ထပ်တစ်ထပ်ပါပေမယ့် မြင်နေရတဲ့ နှောင်းငယ်ရဲ့ရင်ညွန့်နေရာလေးကြောင့် ဆိုတာ စေမှလွဲပြီး ဘယ်သူမှ သိနိုင်မည်မထင်။ ရင်ခွင်ထဲက နွေးထွေးမှုလေးကို တင်းကြပ်စွာပွေ့ဖက်ရင်း အရိုင်းစိတ်တို့ကို တွန်းလှန်ရင်း ထိုညက စေ့မှာ ညနက်ခဲ့လေသည်။
💕💕💕💕💕💕💕
အပိုင်း ၄၆ မျှော်
#haru_rin
ပြီးခဲ့တဲ့ဆန်းဒေးက မတင်လိုက်ရလို့ ဒီနေ့မှ တင်ပေးဖြစ်တယ်။ လာမယ့်ဆန်းဒေး အပိုင်းသစ်လာပါမယ်ရှင့်။
💕His Ex & Why💕
Start from the beginning
