အဝတ်အစားလဲခန်း တံခါးကို အသာတွန်းဖွင့်ကာ အခန်းထဲမှာ မောင်ရှိ မရှိကို ခေါင်းလေးပြူပြီး အရင်ချောင်းကြည့်လိုက်မိသည်။ အခန်းထဲမှာ မောင် မရှိနေတာမို့ နှောင်းလည်း အပြင်ထွက်လာကာ မောင် ဘယ်ရောက်နေလဲဆိုတာကို စဥ်းစားခန်းဝင်လိုက်တော့ ပန်းချီဆွဲတဲ့အခန်းမှာ ဖြစ်နိုင်တယ်လို့ယူဆကာ နှောင်း အောက်ထပ်ဆင်းလာပြီး မောင်ပန်းချီဆွဲဖို့ပြင်ထားတဲ့အခန်းတံခါးကို အသာတွန်းဖွင့်ပြီး ချောင်းကြည့်လိုက်သည်။ မောင်က နှောင်းအတွက် ဘယ်အခန်းကိုမှ တံခါးခေါက်စရာမလိုဘူးလို့ ပြောထားတာက တစ်ကြောင်း၊ မောင် ပန်းချီဆွဲနေရင် နှောင်း တံခါးခေါက်သံက အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်ကာ ဒီအတိုင်း ဖွင့်ဝင်လိုက်တာဖြစ်သည်။
နှောင်းထင်တဲ့အတိုင်းပင် မောင်က ပန်းချီကားတစ်ချပ်ကို စိတ်နှစ်ပြီး ဆွဲနေတာဖြစ်သည်။ ဒီပန်းချီကားက မောင်ဆွဲနေတာ ၁ပတ်ကျော်လောက်တော့ ရှိနေပြီဖြစ်ပြီး ခုမှ ရုပ်လုံးပေါ်လာတာမို့ နှောင်းကိုယ်တိုင်တောင် သတိမထားမိဘဲ ပန်းချီထိုင်ဆွဲနေတဲ့ မောင့်နားကို ရောက်သွားလေသည်။
ပန်းချီဆွဲနေရင်း အနားကို ရောက်လာတဲ့အရိပ်ကြောင့် နှောင်းငယ်ဆိုတာသိလိုက်ပြီး စေ ပြုံးလိုက်သည်။ နှောင်းငယ်အနားမှာရှိနေချိန်တိုင်း ပါးချိုင့်တွေပေါ်အောင်ပြုံးနေတတ်တဲ့စေဟာ နောက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ ထိုအပြုံးတွေက ပျောက်ကွယ်သွားသည်။ တစ်ခါမှ မမြင်ဖူးတဲ့ Night Dress ကို ဝတ်ထားတဲ့ နှောင်းငယ်ကြောင့် စေ့မှာ အာခေါင်တွေ ခြောက်သွေ့လာသလို ခံစားရကာ ကိုယ်တွင်းအပူရှိန်တွေတောင် မြင့်တက်လာပြီဖြစ်သည်။ နှောင်းငယ်က စေ့ပန်းချီကားကို သေချာကြည့်နေရင်း
"မောင့်ပန်းချီကားက လှလိုက်တာ"
"အင်း"
စိတ်ထဲမှာတော့ နှောင်းငယ်က ပိုလှတာလို့ ရေရွတ်လိုက်မိတာ ကိုယ်စောင့်နတ်သာ သိမည်ထင်။ မနေနိုင်စိတ်ကြောင့် ထိုင်နေတဲ့စေ့ဘေးမှာ ရပ်နေတဲ့ နှောင်းငယ်ရဲ့လက်ကလေးကို ဆွဲယူကာ
"ဒီ Night Dress က တစ်ခါမှ မမြင်ဖူးပါဘူး..... ဒီနေ့ အစ်မလင်းနဲ့ရှော့ပင်းထွက်တုန်း ဝယ်လာခဲ့တာလား"
💕His Ex & Why💕
Start from the beginning
