"ဟင့်..... မောင်"
"မောင် ရောက်လာပြီနော် နှောင်းငယ်..... နှောင်းငယ်နားမှာ မောင်ရှိတယ် ဘာမှ မကြောက်နဲ့နော်"
"ဟင့်ဟင့်.......... အီးးးးးးဟီးးးးးးး....."
စေ့ရင်ခွင်ထဲတိုးဝင်ကာ စေ့ခါးကို ကျစ်နေအောင်ဖက်ထားပြီး သဲသဲမည်းမည်းငိုကြွေးနေတဲ့ နှောင်းငယ်ကို စေပြန်ဖက်ထားတာ ခေါင်းလေးကိုပုတ် ကျောပြင်လေးကို ပွတ်သပ်ပေးပြီး နှုတ်ဖျားကနေလည်း
"မောင် နှောင်းငယ်ကို ဘယ်တော့မှ တစ်ယောက်တည်းမထားခဲ့တော့ဘူးနော်" ဆိုတဲ့စကားကိုလည်း ထပ်ခါထပ်ခါပြောနေမိတော့သည်။
နှောင်း ငိုလို့ဝသွားတော့မှ မောင့်ရင်ခွင်ထဲကနေ အသာလေးရုန်းထွက်တော့ မောင်ကလည်း ဖက်ထားတဲ့လက်တွေကို ဖြေလျော့ပေးလေသည်။
"သမီးနှောင်းတို့များနော် စောနက တီမြိုင်က ငိုချင်ငိုချလိုက်လို့ရတယ်ပြောတော့ မျက်ရည်ပဲကျပြီး သားစေလည်း လာရော တစ်ခါတည်းငိုချလိုက်တာများနော်...... ရပ်ကွက်တော့ရေကြီးတော့မှာပဲ.... ဟွန့်ဟွန့်"
"တီမြိုင်ကလည်း"
တီမြိုင်က နှောင်းကို စလိုက်ချိန်မှာ အားလုံးက ပြုံးစိစိဖြစ်သွားတာမို့ နှောင်း မျက်နှာပူသွားတာတော့ အမှန်ပင်။ တီမြိုင် ပြောလည်း ပြောချင်စရာပင်။ တီမြိုင်က နှောင်းကို ငိုချင်ရင် ငိုချလိုက်ဖို့ပြောပေမယ့် တစ်ယောက်တည်း ရှင်သန်ရပ်တည်လာပြီး မွန်းကြပ်မှုတွေကို ဘယ်တော့မှ ထုတ်ညည်းလေ့မရှိတာကြောင့်ပဲလားတော့ မပြောတတ် အဲ့ချိန်မှာ နှောင်းရင်ဘတ်ထဲ တင်းကြပ်နေပြီး ဘာကိုမှ မခံစားရပဲ ထုံထိုင်းသွားသလိုမျိုး ခံစားနေရတာဖြစ်သည်။
ဒါပေမယ့် မောင့်ကို ရုတ်တရက်မြင်လိုက်ရချိန်မှာတော့ အားကိုးရာရင်ခွင်တစ်ခုကို တွေ့လိုက်ရသလို ခံစားချက်ဖြင့် တင်းထားသမျှတွေက ပေါက်ထွက်လာပြီး မောင့်ရင်ခွင်ထဲ ခေါင်းအပ်ကာ ရှိုက်ကြီးတင် ငိုချမိလိုက်တာဖြစ်သည်။ ခုပြန်တွေးကြည့်လိုက်တော့မှ ရှက်သွားတာမို့ နှောင်းမျက်နှာလေးနီနေမှာ မလွဲဧကန်ပင်။
💕 Psycho💕
Start from the beginning
