"သူခိုးဝင်တာလား...... ဟမ် သားကြီး ဘယ်လိုဖြစ်ကြတာလဲ"

"အဲ့ကောင်က အာကာဟိန်းမလား နှောင်း"

ရောင်နီက နှောင်းကို မေးလိုက်ပေမယ့် လင်းက တစ်ခုခုကို မှတ်မိသွားသလို

"အာကာဟိန်းဆိုတာ.........."

"ဟုတ်တယ်..... နှောင်းနောက်ကို အသည်းအသန်လိုက်တဲ့တစ်ယောက်လေ...... သူတို့သားကိုကျ မနိုင်ဘဲ နှောင်းတို့သားအမိကို မတန်မရာတွေ လာပြောတဲ့ ဘွားတော်ရဲ့သားလေ"

"ဟင်.... သူက ဘာလို့ နှောင်းကို အန္တရာယ်ပြုရတာလဲ"

"သမီးနှောင်းရယ်"

ငိုယိုနေတာမျိုး မဟုတ်ပေမယ့် မျက်ရည်ပဲဆက်တိုက်ကျနေကာ လန့်ပြီး ရှိုက်နေတဲ့ သမီးနှောင်းလေးကို မြိုင့်မှာ သနားလွန်းလို့ ဆံပင်လေးတွေကို သပ်တင်ပေးကာ ချော့နေမိသည်။ နောက်ပြီး သားကြီးကို ရေတစ်ခွက်ယူခိုင်းပြီး နှောင်းလေးကို ရေနည်းနည်းသောက်ခိုင်းလိုက်ရသည်။

"နှောင်းငယ်"

ရေသောက်ပြီး တီမြိုင့်ကို ရေခွက်ကမ်းပေးနေတုန်း ကြားလိုက်ရတဲ့မောင့်အသံကြောင့် နှောင်း အခန်းဝကို ကြည့်လိုက်တော့ တကယ်ကို မောင်ပင်။ မောင်က နှောင်းနားကိုရောက်လာတော့ တီမြိုင်က ထိုင်နေရာကနေ ထပေးလေသည်။ မောင်က နှောင်းနားမှာ ထိုင်လိုက်ရင်း နှောင်းပါးပြင်လေးကို လက်ဖဝါးဖြင့် အုပ်ကိုင်ပြီး ရှေ့ကိုကျနေတဲ့ နှောင်းရဲ့ဆံပင်လေးတွေကို နားရွက်နောက်ထဲ ညှပ်ထည့်ပေးရင်း နှောင်းကို နူးညံ့စွာကြည့်လာတော့ မြိုသိပ်ထားရတဲ့နှောင်းရဲ့ဝမ်းနည်းမှုတွေနဲ့ ကြောက်ရွံ့မှုတွေက မျက်ရည်အဖြစ်သို့ ပြောင်းသွားလေသည်။

စေ့ကိုကြည့်နေရင်း မျက်ဝန်းထဲကနေ မျက်ရည်တွေစီးကျနေတဲ့နှောင်းငယ်ပုံစံက စေ့ရင်ကိုဓားနဲ့မွှန်းနေသလိုပင်။ ဆံပင်ကို သပ်တင်ကာ နားနောက်မှာ ညှပ်ပေးလိုက်ချိန် မြင်လိုက်ရတဲ့ နှောင်းငယ်ရဲ့အနည်းငယ် ယောင်နေတဲ့ပါးပြင်နဲ့ လည်ပင်းက လက်ချောင်းရာတွေကြောင့် စေ ရင်ထဲ တင်းခနဲဖြစ်သွားရသည်။ ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကို လက်မလေးဖြင့် ဖွဖွသုတ်ပေးတော့ နှောင်းငယ်က စေ့နာမည်ကို ခေါ်ပြီး စေ့ရင်ခွင်ထဲ ခေါင်းတိုးဝင်လာသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now