'အင်းးး"
"ဒီမှာ ခဏထိုင်လိုက်ဦး..... ငါ စေ့ဆီ နင်ဘေးကင်းပြီဆိုတဲ့အကြောင်း ဖုန်းလှမ်းဆက်လိုက်ဦးမယ်"
"အင်း"
"ဟယ်လို စေ........... အင်း နှောင်းဘေးကင်းပြီဗျ.... အိမ်ထဲလူစိမ်းဝင်လို့လေ......... အကြောင်းစုံကတော့ လာမှပဲ နားထောင်လိုက်တော့လေ..... နှောင်းလား ရှိတယ်..... အိုခေ ခဏနော်"
"နှောင်းက စေက နင်နဲ့ဖုန်းပြောချင်လို့တဲ့"
ဦးလက်ထဲက ဖုန်းကို နှောင်း လက်လှမ်းယူလိုက်ပြီး
"ဟယ်လို မောင်"
ဖုန်းထဲကနေ ကြားလိုက်ရတဲ့ဖျော့တော့နေတဲ့အသံလေးက စေ့ရင်ဘတ်ကို ဆွဲညှစ်လိုက်သလိုပင်။ စောနကထိ စေနဲ့ပျော်ရွှင်စွာဖုန်းပြောနေတဲ့ နှောင်းငယ်က ခုတော့ အသံလေးက ပြိုတော့မယ့်မိုးလိုပင်။
"မောင် နှောင်းငယ်ဆီလာနေပြီနော်.... ခဏနေရင်ရောက်တော့မယ် သိလား..... မောင်တောင်းပန်ပါတယ်.... နှောင်းငယ်ဆီ အချိန်မှီရောက်အောင် မလာနိုင်ခဲ့ဘူးးးး"
"ဟင့်အင်း မောင်တောင်းပန်ဖို့မလိုပါဘူး.... ခု နှောင်းဆီကိုသာ အမြန်လာခဲ့ပေးနော်"
"အင်း..... မောင် နောက် ၅မိနစ်လောက်နေရင်ရောက်ပြီနော်"
"ဟုတ် ဒါပဲနော် မောင်"
"အင်း"
မောင်နဲ့ဖုန်းပြောပြီး ဦးလက်ထဲကို ဖုန်းပြန်ပေးလိုက်သည်။ ထိုအချိန် အခန်းရှေ့မှာလူရိပ်မြင်လိုက်တာကြောင့် ကြည့်လိုက်တော့ လင်းနဲ့အတူ တီမြိုင်နဲ့လေးနိုင်၊ မိုးသောက်ကိုပါ တွေ့လိုက်ရသည်။
"နှောင်း သမီးလေး အဆင်ပြေရဲ့လား"
တီမြိုင်က နှောင်းနားမှာထိုင်ပြီး နှောင်းမျက်နှာလေးကို ကိုင်ပြီး မေးလေသည်။
"တီမြိုင်... ဟင့်.....ဟင့်....... တီမြိုင်တို့က ဘယ်လိုရောက်လာတာလဲ"
"သမီးလင်း ဖုန်းလှမ်းဆက်တာ....ကြည့်ပါဦး တီမြိုင့်သမီးလေး ပါးက ယောင်နေပြီ"
"..........................."
တီမြိုင့်ကို မျက်ရည်ဝဲနေတဲ့မျက်ဝန်းတွေနဲ့ ငေးကြည့်ပြီး နှုတ်ခမ်းတို့က တဆက်ဆက်တုန်နေလေသည်။
💕 Psycho💕
Start from the beginning
