သူ့စကားတွေက ကြောက်ဖို့ကောင်းနေသလို နှောင်းကို လည်ပင်းညှစ်ထားရတာကို သဘောကျနေပုံရတဲ့ သူ့မျက်နှာကြောင့် နှောင်းမျက်ဝန်းမှ မျက်ရည်တွေက ကျလာရသည်။ နှောင်းလည်ပင်းပေါ်က သူ့လက်နှစ်ဖက်ကို နှောင်းလက်နဲ့အုပ်ကိုင်ကာ ရှိသမျှအားနဲ့ တွန်းဖယ်နေလိုက်သည်။

ဝုန်း!!!!!

အခန်းတံခါးက ဝုန်းခနဲပွင့်သွားပြီး မြင်လိုက်ရတဲ့မြင်ကွင်းက ရောင့်နီကို အထိတ်တလန့်ဖြစ်သွားစေသည်။ တစ်ခြားဘာမှ မတွေးနိုင်ဘဲ နှောင်းလည်ပင်းကို ညှစ်နေတဲ့ လူထံပြေးဝင်ပြီး ဝင်လုံးလိုက်သည်။

"ခွေးမသားးးး"

နှောင်းမှာ ထိုလူ့လက်ထဲမှ လွတ်သွားတာနဲ့ ချောင်းတစ်ဟွတ်ဟွတ်ဆိုးကာ နံရံကို ကျောမှီပြီး အသက်ဝအောင် ရှုနေရသည်။ ထိုလူနဲ့ဦးနဲ့ သူတစ်ချက် ကိုယ်တစ်ချက် ထိုးနေကြရင်း ထိုလူက ဦးကို တစ်ချက်မိမိရရထိုးပြီး ဦးလဲကျသွားချိန်မှာ နှောင်းကို တစ်ချက်စူးစိုက်ကြည့်သွားပြီး အခန်းထဲကနေ ထွက်ပြေးသွားလေသည်။

ထိုလူ့နောက်ကို ရောင်နီက လဲကျနေရာမှာ ကုန်းရုန်းထကာ ပြေးလိုက်ဟန်ပြင်ပေမယ့် တစ်ယောက်တည်း ကျန်ခဲ့မယ့် နှောင်းကို တွေးကာ ဝရံတာကနေပဲ တိုက်အောက်ကို ငုံ့ကြည့်လိုက်တော့ လမ်းထိပ်ဘက်ကို ထွက်ပြေးသွားတာကို မြင်လိုက်ရသည်။ တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ကာ ခုထိ ထိုင်လျက်သားလေး ဖြစ်နေတဲ့ နှောင်းနားကို သွားကာ နှောင်းကို ရင်ခွင်ထဲထည့်ထားပြီး ကျောပြင်လေးကို ပွတ်သပ်ပေးနေမိသည်။ နှောင်းက မျက်ရည်တော့ကျနေပေမယ့် အသံလည်း မထွက်ဘဲ အသက်ကိုသာ ဝဝရှုသွင်းနေသည်ကို မြင်ရတာကြောင့် ‌ရောင်နီ့ရင်ထဲ မချိလှ။ ရောင်နီတို့နဲ့ စောနကပဲ လှေကားမှာ လမ်းခွဲခဲ့ပြီး ၁၀မိနစ်လောက်ပဲ ကြာတဲ့အချိန်မှာ ဒီလောက်ထိ ဖြစ်သွားရတယ်ဆိုတာကို ရောင်နီ ဘယ်လိုမှ လက်မခံနိုင်ခဲ့ပေ။

"အဆင်ပြေရဲ့လား နှောင်း"

"အင်း ကျေးဇူးပါ ဦးရယ်.... နင်ဘယ်လိုဖြစ်ပြီး ‌ရောက်လာတာလဲ"

"ငါ့ကို စေဖုန်းဆက်တာ..... သူနဲ့ဖုန်းပြောနေရင်း နင် အန္တရာယ်ဖြစ်နေပုံရလို့ ငါ့ကို ဖုန်းလှမ်းဆက်ပြီး နင့်ကို သွားကြည့်ပေးပါဦး ဆိုပြီးပြောတာ.... သူလည်း ထွက်လာနေပြီဆိုပေမယ့် ကြာနေမှာစိုးလို့တဲ့..... သူလာနေတဲ့အချိန်ကြားထဲမှာ နင် တစ်ခုခုဖြစ်သွားမှာစိုးလို့တဲ့"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now