ဒေါက် ဒေါက်!!!!!!
"နှောင်း.... နှောင်း နင်အထဲမှာလား..... ငါခေါ်တာကြားလား နှောင်း"
အခန်းအပြင်ဘက်က ဦးရဲ့အသံကို ကြားလိုက်ရတာမို့ နှောင်းအားတက်သွားပြီး နှောင်းပါးစပ်ကို ပိတ်ထားပေမယ့် ဝူးဝူးဝါးဝါးအသံပေးလိုက်မိသည်။ ထိုအခါ နှောင်းအသံကို ဦးက ကြားသွားလို့ထင်တယ် တံခါးခေါက်နေရာမှ တံခါးကို တွန်းတိုက်ဖွင့်နေသလို အသံကျယ်လောင်စွာကြားလိုက်ရတာမို့ နှောင်းပိုအားတက်ကာ အသံထွက်သလောက်ထိကို အော်နေမိသည်။
ထိုလူက တံခါးဘက်ကို ဒေါသတကြီးစိုက်ကြည့်ပြီး ဗျာများနေချိန် နှောင်းပါးစပ်ကို ပိတ်ထားတဲ့ ထိုလူ့လက်ရဲ့ အားက လျော့သွားတာမို့ သူ့လက်ကို နှောင်း အားရပါးရကိုက်ချလိုက်သည်။ ထိုလူက အားခနဲအော်ပြီး နှောင်းပါးစပ်ကို အုပ်ထားတဲ့ သူ့လက်ကို ဖယ်လိုက်ချိန်မှာတော့ အခွင့်အရေးရတုန်းကို ဦးကို နှောင်းအကျယ်ကြီး အော်ခေါ်မိလိုက်သည်။
"ဦးရေ.... ငါ့ကို ကယ်ပါဦး"
နှောင်းရဲ့အသံကို ကြားလို့ထင်တယ် ဦးရဲ့တံခါးကို ရိုက်ဖွင့်နေတဲ့အသံက ပိုမိုကျယ်လာလေသည်။ ထိုလူကတော့ နှောင်းကိုက်လိုက်တဲ့ သူ့လက်ကို နာကျင်မှုသက်သာလိုသက်သာငြား ခါနေပြီးနောက် နှောင်းကို ဒေါသတကြီး ပြန်ကြည့်လာကာ နှောင်းပါးကို သူ့အားနဲ့ရိုက်ချလိုက်သည်။ နှောင်းမှာ ယောကျာ်းတစ်ယောက်အားနဲ့ ရိုက်ချလိုက်တာမို့ ကြမ်းပြင်ပေါ် ခွေခွေလေး လဲကျသွားရသည်။ လဲကျသွားတဲ့ နှောင်းကို ထိုလူက အကြမ်းပတမ်းဆွဲထူကာ နံရံဘက်ကို အားနဲ့ကပ်လိုက်ပြီး နှောင်းလည်ပင်းကို ညှစ်ကာ
"မင်းကို ကိုယ်က စကားလေး နည်းနည်းပဲပြောချင်လို့စောင့်နေတာကို ဘာလို့မင်းက ကိုယ့်ကိုကျ မကြည်ဖြူရတာလဲ ဟမ်..... မင်းကို ကိုယ်မရရင် တစ်ခြား ဘယ်သူ့မှ မရစေရဘူး သိလား"
နှောင်းလည်ပင်းကို ညှစ်ထားတဲ့သူ့လက်က ပိုပြီး အားထည့်လာတာမို့ နှောင်းမှာ အသက်ရှုရခက်ခဲလာပြီး မျက်လုံးတွေ ပြာဝေလာရသည်။
"စိတ်ချပါ.... ကိုယ် မင်းနောက်ကို လိုက်လာခဲ့မှာ..... မင်းအထီးကျန်မှာ မဟုတ်ဘူးနော်"
💕 Psycho💕
Start from the beginning
