💕 Psycho💕

Mulai dari awal
                                        

"မင်းခုတွဲနေတဲ့ကောင်က ကိုယ့်ထက် ဘယ်နေရာများ သာနေတာလဲ ပြောလေ.... ကိုယ်မင်းကို စောက်ရမ်း ချစ်တာ မင်းသိလား ဟမ်.... မင်း သိလားလို့"

နှောင်းရဲ့ပါးစပ်ကို သူ့လက်နဲ့ပဲ ပိတ်ထားပြီး သူမေးတာကို အတင်းဖြေခိုင်းနေတဲ့ထိုလူကြောင့် နှောင်းအဖြစ်က မျက်ရည်သာကျနေပြီး ခေါင်းကို အတွင်တွင် ခါရမ်းနေမိသည်။ ကြောက်ဖို့ကောင်းတယ်..... ဒီလူရဲ့မျက်ဝန်းတွေက ဂနာမငြိမ်ဘဲ နီရဲနေတာမို့ သူ့စိတ်အခြေအနေက ပုံမှန်မဟုတ်လောက်ပေ။

"ကိုယ့်မှာတော့ မင်းကို ချစ်လိုက်ရတာ...... မင်းကို ချစ်လွန်းလို့ မင်းအနားမှာ အမြဲရှိနေတဲ့ကိုယ့်ကိုကျ ဘာလို့ မင်းက မမြင်ရတာလဲ...... ကိုယ် မင်းရဲ့မွေးနေ့တုန်းကိုတောင် မှတ်မှတ်ရရနဲ့ ပန်းစည်းလေး လာပေးသေးတယ်..... အဲ့လောက်ထိ မင်းကို ကိုယ် ဂရုစိုက်တာသိလား"

"ဟင်"

ထိုလူပြောမှ နှောင်းမွေးနေ့တုန်းက တံခါးရှေ့မှာတွေ့တာဆိုပြီး လင်းပေးခဲ့တဲ့ပန်းစည်းကို သတိရသွားသည်။ ဒါဆို အဲ့ပန်းစည်းက မောင်‌ပေးတာ မဟုတ်ဘူးပေါ့။ ပန်းစည်းကိစ္စကလည်း မောင့်ကို မေးဖို့ အမှုမဲ့အမှတ်မဲ့ဖြစ်ကာ မမေးလိုက်မိ။ အမှန်ဆို ဒီလူကို နှောင်းမျက်နှာသာ မှတ်မိပေမယ့် နာမည်ကိုတော့ တကယ်မမှတ်မိတော့ပါ။ နှောင်း တက္ကသိုဘ်တက်တဲ့အချိန်တုန်းက နှောင်းကို ရည်းစားစကားပြောခဲ့ဖူးတဲ့သူ၊ နောက်ပြီး သူ့အမေက နှောင်းနဲ့သ‌ဘောမတူဘူးဆိုပြီး လာပြဿနာရှာသွားတဲ့သူ အဲ့လောက်ထိပဲ နှောင်းမှတ်မိသည်။ ဆိုတော့ သူပြောပုံအရ တစ်ခါတစ်လေ နှောင်းစိတ်ထဲ လူတစ်ယောက်ယောက် နှောင်းနောက်က လိုက်နေသလို ခံစားနေရတာ ဧကန်န ဒီလူများလား။ နှောင်းမှာ ကြောက်နေတာက တစ်ကြောင်း သူဆုပ်ကိုင်ထားတဲ့ နှောင်းလက်နှစ်ဖက်မှာလည်း နာကျင်နေတာမို့ မောင့်ကိုသာ မြင်ယောင်ပြီး တမ်းတမိသည်။ မောင်ကတော့ ခုဆို နှောင်းဆီလာနေလောက်ပြီဆိုတာကိုလည်း နှောင်းသိသည်။ သို့သော် ဆုတောင်းတစ်ခုက နှောင်းအရမ်းကြောက်နေပြီမို့ နှောင်းဆီကို မြန်မြန်လာခဲ့ပေးပါ မောင်ရယ်.........

💕 Feeling of Love 💕 (Unicode Ver)Tempat cerita menjadi hidup. Temukan sekarang