💕💕💕💕💕

တစ်ဖက်တွင်

နှောင်းနားကို ဖြည်းဖြည်းချင်းလျှောက်လာပြီး နှောင်းလက်ထဲက ဖုန်းကို ဆွဲယူကာ အခန်းထောင့်ကို လွှင့်ပစ်လိုက်တဲ့သူကြောင့် နှောင်းမှာ ကြောက်စိတ်ကြောင့် ခြေတွေမခိုင်တော့ပဲ ညွတ်ကျသွားသည်။ ထိုအခါ ထိုလူက နှောင်းကို ပုခုံးကနေ ဆွဲထူကာ

"ကိုယ့်ကိုတောင် ဘယ်သူမှန်း မသိတော့ဘူးလားကွာ.... စိတ်မကောင်းလိုက်တာ" လို့ပြောပြီး ဝတ်ထားတဲ့ Mask ကို ချွတ်လိုက်တော့

"ဟင်... နင်.... နင်"

"ဘယ်လိုလဲ မှတ်မိသွားပြီလား"

"နင်.... ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲကို ရောက်နေရတာလဲ.... နောက်ပြီး"

နှောင်းမှာ မျက်စိရှေ့မှာ မြင်နေရတဲ့သူကို အလန့်တကြားကြည့်လိုက်ရင်း အဝတ်ဗီရိုထဲမှ မြင်နေရတဲ့ အဝတ်အစားတွေဆီ အကြည့်ရောက်သွားတာမို့ ထိုသူက နှောင်းအကြည့်တို့ကို နားလည်သလို

"ဟွန့်..... ဒီအတိုင်း မင်းမရှိတုန်း မင်းအငွေ့အသက်လေးတွေပြည့်နေတဲ့ မင်းအခန်းကို ခဏလေး လှည့်ပတ်ကြည့်ရုံတင်ပါ"

"ဟင့်အင်း"

"ဘာလို့လဲ"

"..........................."

"ကိုယ့်တုန်းကကျတော့ ခါးခါးသီးသီးငြင်းခဲ့ပြီး ခုကျတော့ ဘာလို့ ရည်းစားထားပြီး ပျော်နေရတာလဲ.... ပြောလေ"

"ကယ်ကြပါဦး..... အိမ်ထဲ......အွန်း အွန်း"

နှောင်း ကြောက်စိတ်ကြောင့် အော်ဟစ်ကာ အကူအညီတောင်းပြီး ထိူလူ့လက်ထဲက ရုန်းထွက်ကာ ထွက်ပြေးရန် ကြံလိုက်ပေမယ့် နှောင်းအကြံကို ကြိုသိနေတဲ့အလား နှောင်းလက်ကို လှမ်းဆွဲကာ ဘေးက နံရံဘက်ကို တွန်းကပ်ပစ်လိုက်တာကြောင့် နောက်က နံရံကြောင့် နှောင်းရဲ့ကျောမှာ အောင့်ခနဲဖြင့် နာကျင်သွားရသည်။ နာကျင်မှုကြောင့် ထိုလူ့ကို ရှိသလောက်အားနဲ့ရုန်းဖယ်ကာ တွန်းထိုးနေတာမို့ ထိုလူက သူ့လက်တစ်ဖက်ဖြင့် နှောင်းပါးစပ်ကို ပိတ်ထားပြီး သူ့ကို ရိုက်နှက်နေတဲ့ နှောင်းရဲ့လက်နှစ်ဖက်ကို ဦးခေါင်းထက်နားထိမြှောက်ကာ သူ့နောက်လက်တစ်ဖက်က တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ ထို့နောက် နှောင်းရဲ့မျက်နှာနားထိ သူ့မျက်နှာကို ငုံ့ချကာ တိုးကပ်လာပြီး

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now