"ဟယ် ဘာတွေ ဝယ်လာတာလဲ သမီးရယ်..... အပင်ပန်းခံလို့"
"ထမင်းစားပြီးရင် အချိုတည်းလို့ရအောင်လို့ပါ အမေ"
"နောက်တစ်ခါဆို လူပဲလာခဲ့.... ဘာမှမဝယ်လာခဲ့နဲ့နော် သမီး"
"ဟုတ်"
"ကဲကဲ လာ သွားကြမယ်.... ထမင်းစားဖို့ အားလုံးပြင်ဆင်ပြီးပြီ"
"ရွိုင်ရယ်လေးက အန်တီလေးနားမှာ ထိုင်မှာနော်"
နှောင်းလက်ကို ဆွဲကာ ခုန်ဆွခုန်ဆွနဲ့ ထမင်းစားပွဲဝိုင်းဆီ ဦးတည်သွားရင်း ရွိုင်ရယ်လေးက ပြောလိုက်တော့ အားလုံးက သဘောကျစွာ ရယ်မောနေကြသည်။ တကယ်လည်း ထမင်းစားပွဲမှာထိုင်တော့ ၈ယောက်ဝိုင်းရှိတဲ့ စားပွဲမှာ ထိပ်ဆုံးမှာ အဖေကထိုင်ပြီး အဖေ့ရဲ့ညာဘက်မှာ အမေ နောက်ပြီး မမမြတ်တို့ ဇနီးမောင်နှံက ထိုင်နေကြသည်။ အဖေ့ရဲ့ဘယ်ဘက်ခြမ်းမှာတော့ နှောင်းနဲ့အတူတူ ထိုင်ချင်တယ်လို့ပြောတဲ့ ရွိုင်ရယ်လေးက ထိုင်ပြီး ရွိုင်ရယ်လေးဘေးမှာ နှောင်း၊ နှောင်းဘေးမှာ မောင်က ထိုင်လေသည်။
မောင့်မိဘအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးက အဆင်ပြေချောမွေ့တဲ့အတွက် နှောင်းရင်ထဲက အပူလုံးဟာလည်း ကျသွားပြီဖြစ်သည်။ အစကတည်းက အမေတို့က သဘောတူပေမယ့် ဒီလောက်ထိ နွေးထွေးစွာ ကြိုဆိုလိမ့်မယ်လို့တော့ မထင်ထားပေ။ အခုတော့ နှောင်းပါ တကယ့်မိသားစုဝင်တစ်ယောက်လိုကို ခံစားရတဲ့အထိ နွေးထွေးလွန်းတာဖြစ်သည်။
စားသောက်ပြီးချိန်မှာတော့ သစ်သီးမစားခင် မောင်က သူအရင်နေခဲ့တဲ့အခန်းကို လိုက်ပြမယ်ပြောလို့ နှောင်းလည်း အမေတို့ကို ခွင့်တောင်းပြီး မောင်နဲ့အတူ အပေါ်ထပ်ကို တက်လာခဲ့သည်။
စေ့အခန်းထဲက ဆုတံဆိပ်တွေကို နှောင်းငယ်အား တစ်ခုချင်းရှင်းပြပေးနေပြီး ကြွားလုံးထုတ်နေတဲ့ တူမဖြစ်သူကြောင့် စေ သွေးတွေတောင် တက်ချင်လာပြီဖြစ်သည်။ ညစာစားကတည်းက အမေတို့နဲ့စကားပြောနေတဲ့ နှောင်းငယ်ရဲ့ပုံစံလေးကို မြတ်နိုးစွာငေးကြည့်နေရင်း နှောင်းငယ်နဲ့မိသားစုဘဝကို ဖန်တီးချင်စိတ်က ရင်ထဲမှာ ပူနွေးစွာဖြစ်ပေါ်လာခဲ့သည်။ အမေတို့နဲ့ အပေးအယူမျှစွာ စကားပြောနေဟန်လေးကြောင့် အသည်းယားကာ ချစ်အနမ်းတွေခြွေချင်လာတာမို့ အရင်နေခဲ့တဲ့အခန်းကို လိုက်ပြမယ်ဟုဆိုကာ အပေါ်ထပ်ကို ခေါ်ထုတ်လာရာမှ တူမတော်က သူပါလိုက်မည်ဟုဆိုကာ နှောင်းငယ်လက်ကိုဆွဲကာ ရှေ့ကနေ ဦးဆောင်တက်သွားလေသည်။
💕Family & Stranger💕
Start from the beginning
