“ဟီး ဟုတ်ရယ်..... ရွိုင်ရယ့်လေးက အန်တီလေးကို များကြီးချစ်တာ”
“မင်္ဂလာပါ အန်တီ”
“သူစိမ်းဆန်လိုက်တာ သမီးရယ်.... သားလိုပဲ အမေလို့ခေါ်ပါ”
“ဟုတ်.....ဟုတ်ကဲ့ပါ အမေ”
နှောင်းလက်ဖဝါးကို ဆုပ်ကိုင်ကာ အမေလို့ခေါ်ဖို့ပြောလာတာမို့ နှောင်းလည်း ခေါင်းညိမ့်ပြလိုက်ကာ အမေဟုသာ ခေါ်လိုက်တဲ့အခါ နှောင်းကို ပြုံးကာကြည့်လာတဲ့မောင့်အမေကြောင့် နှောင်းရင်ထဲ နွေးထွေးမှုလေးတစ်ခုကို ခံစားလိုက်ရသည်။ မောင့်ကို ငဲ့ကြည့်လိုက်တော့ မောင်က နှောင်းကိုပြုံးပြလာသည်။
“လူတောင်စုံနေပါရောလား..... အန်ကယ် စောနက ကားဟွန်းသံကြားကတည်းက ဆင်းလာမလို့ ဖုန်းကပြောလက်စဖြစ်နေတာနဲ့လေ”
“ရပါတယ်ရှင့်”
“ရှင်ကလည်း ဘာအန်ကယ်လဲ.... သမီးကိုတောင် နွယ်က အမေလို့ခေါ်ဖို့ပြောထားတာ ရှင်လည်း အဖေလို့ပဲပြောင်းသုံးလေ”
“ဟုတ်ပါပြီကွာ... ကဲ သမီးရေ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး လွတ်လွတ်လပ်လပ်နေ ဟုတ်ပြီလား"
"ကိုယ့်အိမ်ကိုယ့်ယာလိုတော့ သဘောထားလို့မရဘူးလေ အဖေကလည်း"
"ဘာလို့လဲကွ"
"ဘာလို့ဆို နှောင်းငယ်က ကျွန်တော့်အိမ်ကိုပဲ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး နေရမှာလေ.... အဖေနဲ့အမေတို့အိမ်က ယောက္ခမအိမ်သက်သက်ပဲ"
"ဪ ဟုတ်ကဲ့ ကျွန်တော်မျိုးကပဲ အလိုက်မသိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"
အဖေ့ရဲ့စကားအဆုံးမှာတော့ အိမ်မှာရှိတဲ့သူတိုင်းက သဘောကျစွာ ရယ်မောကြလေသည်။ မောင်ဟာလေ တစ်ခါတစ်လေတော့လည်း လူအမြင်ကပ်ရလောက်အောင် နှောင်းကိုဆို အဖြစ်သည်းလွန်းလှသည်။
"လာ လာ သမီး.... ညစာစားချိန် နောက်ကျတော့မယ်.... အမေတို့ တစ်ခါတည်းပဲ စားကြရအောင်လေ... နောက်မှ အေးဆေးစကားပြောကြတာပေါ့"
"ဟုတ်.... ပြီးတော့လေ ဒါလေး....."
မောင့်လက်ထဲက သစ်သီးထုတ်တွေကို နှောင်း လှမ်းယူလိုက်ရင်း အမေ့လက်ထဲ ထည့်ပေးလိုက်တော့ အမေက
💕Family & Stranger💕
Start from the beginning
