💕Family & Stranger💕

Start from the beginning
                                        

“ရောက်လာပြီလား ညီ”

“ဟုတ် အမေတို့ရော အထဲမှာလား”

“ဟုတ်တယ်.... အမေက နောက်မှာချက်ပြုတ်နေတုန်း..... မင်းအစ်မကတော့ သမီးကို ရေချိုးပေးနေတယ်.... အဖေက စာကြည့်ခန်းထဲမှာ.......... အစ်ကို ဘာကူသယ်ပေးရဦးမလဲ"

ကားနောက်ဖုံးထဲထည့်ထားတဲ့ သစ်သီးထုတ်တွေကို ထုတ်ရင်း ယောက်ဖဖြစ်သူပြောပြတာကို ခေါင်းညိမ့်ကာ နားထောင်နေလိုက်သည်။ နှောင်းငယ်လက်ကို လက်တစ်ဖက်က ကိုင်ပြီး နောက်တစ်ဖက်က သစ်သီးထုတ်ကို ကိုင်ထားတာမို့

“ပေးပေး.... သစ်သီးထုတ်တွေ အစ်ကို့ကိုပေး ညီ”

“ရတယ် အစ်ကို.... ရတယ် ကျွန်တော့်ပဲ ကိုင်ခဲ့လိုက်မယ်”

“အင်းပါ”

အိမ်ထဲဝင်ဝင်ချင်း တူမဖြစ်သူ ရွိုင်ရယ်လေးရဲ့ ရယ်သံနဲ့အတူ လှေကားပေါ်က ပြေးဆင်းလာပုံရတဲ့ ခြေသံတစ်ဒုန်းဒုန်းကို အရင်ကြားလိုက်ရသည်။ အစ်ကိုကတော့ သူ့သမီးအကြောင်းသိနေလို့လား မပြောတတ်၊ အရင်ကြိုပြီး လှမ်းတားရလေသည်။

“ရွိုင်ရယ် သမီး အဲ့လိုပြေးမဆင်းရဘူးလေ.... ချော်လဲသွားဦးမယ်”

ရွိုင်ရယ်လေးက မောင်မဆွဲထားတဲ့နှောင်းရဲ့လက်တစ်ဖက်ကို ဆွဲကိုင်ကာ

“ရွိုင်ရယ်လေး သိပါရယ် ဒယ်ဒီရဲ့.... ခုပြေးရာတာကရဲ ရွိုင်ရယ်က အန်တီလေးကို ရမ်းတွေ့ချင်ရို့ပါ”

“ကို့သမီးက ရေချိုးပြီးတာနဲ့အလှကလည်း ပြင်ခိုင်းသေးတယ်.... နောက်ပြီး မောင်လေးကားဟွန်းတီးသံလည်းကြားရော သူ့အန်တီလေးကို တွေ့ချင်လို့ ဖင်တကြွကြွနဲ့လေ..... အလှပြင်လို့လည်း ပြီးရော တစ်ခါတည်း ပြေးဆင်းတော့တာပဲ”

မမမြတ်က လှေကားပေါ်ကနေ ဆင်းလာရင်း သမီးဖြစ်သူအကြောင်းကို အရွန်းဖောက်လေသည်။ နှောင်းလည်း မမမြတ်ပြောတာကို နားထောင်ပြီး သဘောကျစွာပြုံးမိကာ ရွိုင်ရယ့်အရပ်နဲ့ညီသွားအောင် ဆောင့်ကြောင့်လေးထိုင်ပြီး ပါးလေးကို ဖွဖွလေး မွှေးလိုက်တော့ ရွိုင်ရယ်လေးက တခစ်ခစ်နဲ့ရယ်လေသည်။

“ဖွားမြေးရဲ့ရယ်သံတွေက ထမင်းစားခန်းကနေတောင် ကြားနေရပါလား..... မြေးရဲ့အန်တီလေး အိမ်ကို လာလည်တာ အရမ်းပျော်နေတာပေါ့လေ..... ဟုတ်လား မြေး”

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now