"စောင့်နေရလို့ စောင့်ခ ပေးတာ"
"နှောင်းငယ်နော် အသည်းယားအောင် လာလုပ်နေတယ်..... စိတ်ရှိတိုင်းသာ ဖက်နမ်းလိုက်ရင်တော့နော်"
"အန်တီတို့စောင့်နေရလိမ့်မယ်..... သွားကြရအောင်လေ"
"နှောင်းငယ်ကတော့ကွာ မောင့်ကို အရမ်းအသည်းယားအောင် လုပ်တယ်"
ပြောလည်းပြော နှောင်းရဲ့ပုခုံးစွန်းလေးကိုပါ မနာအောင်လို့ ခပ်ဖွဖွလေး ကိုက်ပြီး မောင်က ကားကို နေရာကနေ မောင်းထွက်လာခဲ့သည်။ နှောင်းက Market Palace ကနေ အန်တီတို့အတွက် တစ်ခုခု ဝယ်သွားပေးချင်တာမို့ မောင့်ကို လိုက်ပို့ပေးဖို့ပြောတော့ မောင်က ကြည်ဖြူစွာလိုက်ပို့ပေးလေသည်။ ညစာအတူတူစားရုံလောက်ပဲဆိုတော့ တခမ်းတနားတွေ မပြင်ဆင်သွားတော့ပဲ သစ်သီးအချို့ကိုသာ ထမင်းစားပြီးရင် အချိုတည်းဖို့ ဝယ်သွားလိုက်သည်။
ဆိတ်ငြိမ်ရပ်ကွက် အိမ်ယာဝင်းထဲကို မောင့်ကားက ချိုးကွေ့ဝင်လာလိုက်တာနဲ့ နှောင်း ခြေဖျားလက်ဖျားတွေ အေးစက်လာသလို ခံစားလိုက်ရသည်။ မောင့်အိမ်ကိုတော့ ရောက်ဖူးပေမယ့် မောင့်မိဘအိမ်ကိုတော့ ခုမှ ပထမဆုံး စရောက်ဖူးတာမို့ နှောင်း ရင်တွေ ခုန်နေမိသည်။ မောင်က ခြံတစ်ခြံရှေ့မှာ ကားကို ရပ်ကာ ဟွန်းသံတစ်ချက်ပေးလိုက်တော့ ခြံတံခါးကို မောင့်ယောက်ဖ ကိုအောင်ဆက်နိုင်က လာဖွင့်ပေးသည်။ မောင်က ကားကို ခြံထဲမောင်းဝင်ခဲ့လိုက်ပြီး ဆင်ဝင်အောက်မှာ ကားကို ရပ်လိုက်သည်။
ကားရပ်ပြီး နှောင်းငယ်ကို ကြည့်လိုက်တော့ တစ်လမ်းလုံးစကားပြောလာတဲ့နှောင်းငယ်က ခုတော့ဖြင့် သတိအနေအထားနဲ့မို့ စေပြုံးလိုက်ပြီး နှောင်းငယ်ရဲ့အေးစက်နေတဲ့လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ
“ပေါ့ပေါ့ပါးပါး ထမင်းစားရုံပဲကို နှောင်းငယ်ဘက်က အရမ်းကြီး စိတ်လှုပ်ရှားဖို့မလိုဘူးလေ”
“ဒါပေမယ့်.........”
“မောင် နှောင်းငယ်ဘေးနားမှာ အချိန်တိုင်းအတူတူရှိနေမှာမို့ ဘာမှစိတ်မပူနဲ့နော်”
“အွန်း”
နှောင်းငယ်ရဲ့လက်ဖဝါးလေးကို ဆွဲယူကာ နမ်းရှိုက်လိုက်တော့ နှောင်းငယ်က စေ့ကို ပြုံးပြလာသည်။ စေလည်း ပြန်ပြုံးပြကာ နှောင်းငယ်နဲ့အတူကားပေါ်က ဆင်းလိုက်သည်။ ထိုအချိန်မှာ ကိုအောင်ဆက်နိုင်ကလည်း စေတို့နားရောက်လာပြီး
💕Family & Stranger💕
Comenzar desde el principio
