"ဟင်"
"နင် အကုန်မသိသေးဘူးလား"
လင်းက ခေါင်းခါပြတာမို့ နှောင်းသက်ပြင်းချကာ နှောင်းသိသလောက် ဦးက လင်းကို ချစ်နေတဲ့အကြောင်းအရာတွေကို ဝေမျှလိုက်မိသည်။ နှောင်းပြောတာတွေကို နားထောင်ပြီး လင်းက ပါးစပ်အဟောင်းသားဖြစ်ကာ နောက်ဆုံးမှာတော့ မျက်ရည်များကျဆင်းလာပြီး
"ငါ ဒါတွေ တကယ်ကို မသိခဲ့တာ"
"ငါ နင့်ကို ပြောပြတယ်ဆိုတာ ဦးက နင့်ကို ခုလိုကိစ္စတွေဖြစ်သွားတော့မှ တာဝန်ယူချင်လို့ နင့်ကို ချစ်တယ်တို့ လက်ထပ်မယ်တို့ပြောတာ မဟုတ်ဘူးဆိုတာ သိစေချင်တာ"
"................"
"ဦးရင်ထဲမှာ ဟိုးကတည်းက ခုချိန်ထိ နင်တစ်ယောက်တည်းပဲရှိခဲ့တာ"
"သူ ငါ့ကို အစကတည်းက ဖွင့်ပြောခဲ့သင့်တာ"
"ဟင်.......... ဒါဆို နင်...... နင်"
"ဟုတ်တယ် ငါ ရောင်နီ့ကို စစတွေ့ကတည်းက စိတ်ဝင်စားခဲ့တာ..... ဒါပေမယ့်သူ့က ငါ့ကို စိတ်ဝင်စားဟန် မပြတော့ ငါက မိန်းကလေးလေ ငါ့ဘက်က ဘယ်လိုစပြောရမလဲ နှောင်းရယ်...... ငါ ရည်းစားတွေထားတယ်....... ရောင်နီ့ကို မေ့နိုင်သွားအောင်လို့လေ..... ဒါပေမယ့် ဘာလို့ ကံတရားက ငါမေ့လောက်တဲ့အချိန်ကျမှ ငါ့ဆီရောက်လာရတာလဲ"
လင်းပြောတာတွေ နားထောင်ပြီး နှောင်းတစ်ကယ်ကို မှင်သက်သွားရသည်။ လင်းတို့နှစ်ယောက် ဘယ်ရထားမှာလွဲခဲ့ကြတာလဲ။
"နင်နဲ့ ဦးနဲ့က Wrong Time, Right Person ဖြစ်ခဲ့ကြတာပဲ...... ခုကစပြီး ကောင်းဖို့အတွက်ဖြစ်လာတယ်လို့ပဲ တွေးပြီး အစကနေပြန်စကြတာပေါ့"
"အင်း"
"နင်လည်း ဘာမှ စိတ်ဖိစီးမနေနဲ့ဦး..... တော်ကြာ ဗိုက်ထဲက ငါ့တူလေး တူမလေးလား မသိသေးတဲ့ ဘေဘီလေး မျက်လုံးပြူးနေဦးမယ်"
နှောင်းက စစနောက်နောက်ပြောလိုက်တော့ လင်းက ရယ်လေသည်။ လင်းရယ်တာမြင်မှ နှောင်းမှာလည်း သက်ပြင်းချလိုက်မိတော့သည်။
"နှောင်း နင် ငါ့ကို တစ်ခုတော့ ကူညီပေးပါနော်"
"ဘာကိုလဲ"
💕YNO & LLM💕
Beginne am Anfang
