"အင်းအင်း.... ငါဝင်သွားလိုက်မယ်"
ဓာတ်ဆားရည်ဗူးကို မောင့်လက်ထဲပေးခဲ့ကာ နှောင်း အခန်းထဲဝင်သွားလိုက်သည်။
အခန်းထဲရောက်တော့ လင်းက ကုတင်ပေါ်မှာ ခေါင်းအုံးလေးတွေဆင့်ပြီး ထိုင်နေသည်။ နှောင်းဝင်လာတော့ အပြင်ဘက်ကို ငေးနေရာကနေ နှောင်းကို ကြည့်လာပြီး ဖျော့တော့စွာပြုံးပြနေသည်။ နှောင်းလည်း လင်းနားကို လျှောက်သွားပြီး ကုတင်ပေါ်မှာ တင်ပါးလွှဲထိုင်လိုက်ရင်း လင်းလက်ကို ဆုပ်ကိုင်လိုက်တော့
"နှောင်း"
"အင်း ငါရှိတယ်နော်"
"ဟင့်"
နှောင်းကိုဖက်တွယ်ကာ ငိုရှိုက်နေတဲ့လင်းရဲ့ကျောပြင်လေးကို နှောင်းအသာပွတ်ပေးနေရင်း
"အဆင်ပြေသွားမှာပါ လင်းရယ်နော်"
"ငါ ရှေ့ဆက်ဘယ်လိုဆက်လုပ်ရမလဲ မသိတော့ဘူး နှောင်းရယ်"
"ဦးက ဘာပြောလို့လဲ"
နှောင်းမေးလိုက်တော့ လင်းက နှောင်းကိုဖက်ထားရာမှ ခန္ဓာကိုယ်ချင်းပြန်ခွာကာ နှောင်းနဲ့မျက်နှာချင်းဆိုင်လိုက်ရင်း
"ရောင်နီက.....ရောင်နီက ငါ့ကို လက်ထပ်မယ်တဲ့"
"အင်း"
"ဒါပေမယ့်.... ငါ.... ငါ တီမြိုင်တို့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ နှောင်းရယ်"
"နင်ကလည်း မဟုတ်တာတွေကို တွေးပူနေပြန်ပြီ..... တီမြိုင်တို့က နားလည်မှာပါ"
"နောက်ပြီး...... ရောင်နီက..."
".............."
"ရောင်နီက ငါ့ကို ချစ်တယ်တဲ့"
လင်းက မျက်နှာရဲရဲလေးဖြင့် မဝံ့မရဲပြောပြနေပေမယ့် နှောင်းမျက်နှာလေးကတော့ ပြုံးတုံ့တုံ့လေးဖြစ်သွားသည်။ ဒါကို မြင်သွားတဲ့ လင်းက
"နင်.... နင် သိနေတာလား"
"ဟုတ်ပ.... နင်တို့နှစ်ယောက်ကို ငါလေ အသည်းယားလွန်းလို့ ရူးတော့မယ်..... တစ်ယောက်ကလည်း ဖွင့်ပြောဖို့အရေးကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဟော.... တစ်ယောက်ကကျပြန်တော့လည်း မရိပ်မိနဲ့..... ဦး နင့်ကိုချစ်နေတာ ဟိုးအရင်ကတည်းက သိလား"
KAMU SEDANG MEMBACA
💕 Feeling of Love 💕 (Unicode Ver)
Romansa💕 အချစ်ဆိုတဲ့ခံစားချက် 💕 (Unicode Ver)
💕YNO & LLM💕
Mulai dari awal
