"ဘာကိုလဲ"
"ရောင်နီကမှ အစ်မလင်းနဲ့ ချစ်သူတောင် မဖြစ်သေးဘူး မောင့်ထက်ခြေတစ်လှမ်းသာသွားပြီလေ .... မောင်ကျတော့ရော ဘယ်တော့မှ ရောင်နီ့နောက်ကို အမှီလိုက်နိုင်မှာလဲဆိုတာ သိချင်တာ"
"မောင်နော်... ဒီကိစ္စက ပြိုင်စရာလား"
"ပြိုင်စရာတော့ မဟုတ်ပေမယ့် အားကျလို့ပါ.... ပြောပါဦး မောင် ဘယ်တော့လောက် ရောင်နီ့ကို အမှီလိုက်နိုင်မှာလဲ"
"မောင်နော် အဲ့ဒါ ဘာလို့နှောင်းကို လာမေးနေတာလဲ"
"နှောင်းဆုံးဖြတ်ပေးမှ ရမယ့်ကိစ္စမို့လေ မောင်ကတော့ အမြဲတမ်း ရယ်ဒီပဲ"
"မောင်!! ဆေးရုံမှာနော် ဘယ်လိုဖြစ်နေတာလဲလို့"
"ဆေးရုံဆိုတော့ ပိုအဆင်ပြေတယ်လေ.... မောင်တို့ တစ်ခါတည်း ဆေးစစ်သွားကြမလား"
"မောင်နော်.... တော်တော်ကို အရှက်မရှိတာ... တော်ပြီ မောင်နဲ့စကားမပြောတော့ဘူး"
"စကားမပြောဘဲတော့ မနေပါနဲ့ဗျာ.... တွေ့ချင်လွန်းအားကြီးလို့ ခရီးက ပြန်ရောက်တာနဲ့ လာတွေ့ရတဲ့သူကို"
"ဟုတ်သားပဲ.... မောင့် အလုပ်ကိစ္စတွေရော အဆင်ပြေရဲ့လား"
"ပြေပါတယ် မောင်က အေးဆေး.... လောလောဆယ် မောင် ဟိုနားက စတိုးဆိုင်ခဏသွားလိုက်ဦးမယ်.... နှောင်းငယ်အတွက် အအေးလည်း ဝယ်ရင်း.... အစ်မလင်းအတွက်လည်း စားလို့ရနိုင်တာတစ်ခုခုဝယ်ပေးမလို့"
"နှောင်းလည်း လိုက်ခဲ့မယ်လေ"
"အင်း ဒါဆိုလည်း သွားကြမယ်"
နှစ်ယောက်သား ဆေးခန်းနားက စတိုးဆိုင်ကြီး တစ်ခုကို အတူတူသွားပြီး ထွေထွေထူးထူး စားချင်နေတာလည်း မရှိတာမို့ အအေးပဲ ဝယ်ခဲ့လိုက်တော့သည်။ ဆေးခန်းထဲဝင်လာပြီး လင်းရဲ့အခန်းနားရောက်တော့ ဦးကအခန်းထဲကနေ ထွက်လာတာကို တွေ့လိုက်ရသည်။ ဦးနားကို အမြန်လျှောက်သွားလိုက်ပြီး
"ဟဲ့ အဆင်ပြေလား"
"အင်း ဒါပေမယ့်............ နင်ဝင်သွားလိုက်ဦးဟာ...... နင့်ကိုလည်း မေးနေတယ်"
💕YNO & LLM💕
Comenzar desde el principio
