"..................."
"ငါကတော့ နင်တို့နှစ်ယောက်ကို သေချာလေးဆွေးနွေးစေချင်တယ်..... ငါပြောတာကို နားလည်တယ်မလား လင်း"
"အင်း"
"ဒါဆို နင်တို့နှစ်ယောက် အေးဆေး ဆွေးနွေးကြဦး.... ငါနဲ့မောင် အပြင်မှာစောင့်နေမယ်နော်.... နောက်ပြီး နင် ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲချချ ငါက နင့်နားမှာ အမြဲရှိနေပေးမယ်ဆိုတာကိုတော့ သိစေချင်တယ်"
နှောင်းပြောတာကိုခေါင်းညိမ့်ပြတဲ့လင်းကို ပြုံးပြပြီး ဒီဘက်အလှည့် မြင်လိုက်ရတဲ့ဦးကိုတော့ မျက်စောင်းထိုးလိုက်ကာ မောင့်လက်ကိုဆွဲပြီး အခန်းအပြင်ကို ထွက်လာခဲ့သည်။ ထို့နောက် အခန်းရှေ့မှာ လူနာစောင့်တွေထိုင်လို့ရအောင်လုပ်ပေးထားတဲ့ သစ်သားထိုင်ခုံလေးမှာ နှစ်ယောက်အတူတူထိုင်လိုက်ရင်း မောင့်ပုခုံးပေါ် ခေါင်းလေးမှေးတင်ထားလိုက်သည္။ နှောင်းတကယ်ကို ခေါင်းကိုက်နေပြီဖြစ်သည်။
"နှောင်းငယ် အဆင်ပြေရဲ့လား..... ခေါင်းမူးနေတာလား"
"အင်း နှောင်းခေါင်းတစ်ခုလုံး ချာချာကိုလည်နေတာပဲ"
"အအေးသောက်မလား.... ဟိုဘက်နားမှာ စတိုးဆိုင်ရှိတယ်.... မောင် သွားဝယ်လိုက်မယ်"
"ဟင့်အင်း လောလောဆယ် ဒီလိုလေးပဲ ခဏနေချင်တယ်"
"ဟုတ်ပြီ ဟုတ်ပြီ..... မောင့်ပုခုံးပေါ်မှီထား"
စေ့ပုခုံးပေါ်ခေါင်းလေးမှေးတင်ထားရင်းမှ နှောင်းငယ်က
"မောင်"
"ဗျာ"
"အထဲကနှစ်ယောက် အဆင်ပြေမှာပါနော်"
"ပြေမှာပါ နှောင်းငယ်ရဲ့"
"အဲ့ဦးကလေ တကယ်ကို အကျင့်မကောင်းဘူးသိလား..... မိန်းကလေးတစ်ယောက်ကို ချစ်တယ်ပြောဖို့ကျ တုံ့နှေးတုံ့နှေးနဲ့ ခုကျတော့ ဒင်းတအားလက်သွက်တာပဲ"
"ဟွန့် ဟွန့်"
ရောင်နီ့ကို မကျေမနပ်ဖြစ်ကာ ပွစိပွစိပြောနေတဲ့နှောင်းငယ်ကို သဘောကျစွာ စေ ရယ်လိုက်မိသည်။
"ကဲပါ အဲ့ကိစ္စကို ရောင်နီ သူ့ဘာသာရှင်းလိမ့်မယ်.... ပြောပါဦး မောင့်အလှည့်ကျကရော ဘယ်တော့လဲ"
💕YNO & LLM💕
Start from the beginning
