💕YNO & LLM💕

Depuis le début
                                        

"ငါ့မှာ စိတ်ပူလိုက်ရတာ လင်းရယ်.... နင်အခုအဆင်ပြေရဲ့လား..... ခေါင်းမူးနေသေးလား"

"ဟင့်အင်း"

လင်းက နှောင်းအမေးကို ပြန်ဖြေရင်း ‌နှောင်းနားမှာရပ်နေတဲ့ဦးကို မြင်သွားပုံရကာ မျက်နှာတစ်ချက်ပျက်သွားတာကို နှောင်းမြင်ဖြစ်အောင် မြင်လိုက်သည်။ ဆိုတော့ ဦးရော မြင်သွားနိုင်လောက်သည်။ ဒီနှစ်ယောက်အတွက် နှောင်းရင်လေးစွာ သက်ပြင်းချလိုက်မိသည်။

မောင်အခန်းထဲပြန်ဝင်လာတော့ ဆရာဝန်နဲ့အတူ သူနာပြုဆရာမတစ်ယောက်ပါ ပါလာပြီး လင်းကို စမ်းသပ်မှု အနည်းငယ်လုပ်ပေးကာ

"လူနာက စိတ်ချရပါပြီ.... ဒီဆေးသွင်းတာ ကုန်သွားရင် ဆေးရုံက ဆင်းလို့ရပါပြီ.... နောက်ပြီး ကိုယ်ဝန်ကိုတော့ ခုတစ်ခါတည်းအပ်သွားလည်း အဆင်ပြေတယ်.... ဒါမှမဟုတ် နောက်နေ့မှ လာပြလည်း ရပါတယ်ဗျ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်"

"လိုအပ်တဲ့ဆေးတွေကိုတော့ ကျွန်တော် ရေးပေးလိုက်ပါမယ်.... ကောင်တာမှာပဲ ရှင်းလိုက်ပါနော်.... ခွင့်ပြုပါဦး"

"ဟုတ်ကဲ့"

အခန်းထဲကနေ ဆရာဝန်နဲ့ သူနာပြုဆရာမတို့ ထွက်သွားပြီးချိန်မှာတော့ နှောင်းကို နားမလည်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ လင်းကို တွေ့လိုက်ရပြီး နှောင်း သက်ပြင်းလေး ချလိုက်ကာ လင်းရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း နဖူးပေါ်ဝဲကျနေတဲ့ဆံစလေးတွေကို သေချာသပ်တင်ပေးနေရင်း ဘယ်ကစပြောရင် ကောင်းမလဲဆိုပြီး စဉ်းစားနေမိသည်။ ဦးကိုကြည့်တော့လည်း နှောင်းကို မျက်နှာငယ်လေးနဲ့ကြည့်နေတာမို့ နှောင်း ခေါင်းတွေကိုက်လာမိတာအမှန်ပင်။

"နှောင်း.... ခုနက ဆရာဝန်ပြောသွားတဲ့ ကိုယ်ဝန်ဆိုတာ"

ထိုမေးခွန်းကို လင်း မေးလိုက်ပေမယ့် ‌စိတ်ထဲမှာ‌တော့ တွေးနေမိတာတွေ အမှန်မဟုတ်ဖို့ ဆုတောင်းရင်း နှောင်းရဲ့အဖြေကို စောင့်နေမိသည်။

"ဟုတ်တယ် နင့်မှာကိုယ်ဝန်ရှိနေပြီတဲ့"

"ဟင်"

"အင်းးးး နောက်ပြီး ငါ နင်နဲ့ဦးရဲ့အကြောင်းကိုလည်း အကြောင်းစုံသိပြီးသွားပြီ"

💕 Feeling of Love 💕 (Unicode Ver)Où les histoires vivent. Découvrez maintenant