"အစ်မလင်း အခြေအနေက စိုးရိမ်ရလား နှောင်းငယ်"
မောင်မေးတာကို ပြန်မဖြေနိုင်သေးခင် ဘေးမှာထိုင်နေတဲ့ ဦးကို မျက်စောင်းထိုးလိုက်မိသည်။
"ဆေးတော့သွင်းနေတယ် မောင်..... ခုထိတော့ သတိမရသေးဘူး....ဆရာဝန်တွေကတော့ ပြောသွားတယ် စိုးရိမ်စရာမရှိဘူးတဲ့"
"ဟုတ်လား တော်သေးတာပေါ့"
မောင်က နှောင်းပုခုံးကို ပွတ်သပ်လိုက်ရင်း အားပေးနေသည်။ နှောင်းကတော့ ဦးကို ပြန်ကြည့်ပြီး
"ငါ လင်းကိုတော့ ဖျောင်းဖျကြည့်ပါဦးမယ်.... လင်းအတွက်လည်း လက်ခံဖို့ခက်ခဲမယ့်အရာဆိုတော့.... နောက်ပြီး ခုလို ကိုယ်ဝန်ရှိနေတာပါ သိသွားရင် လင်း တော်တော်လေး ရှော့ဖြစ်သွားနိုင်တယ်"
"ငါ့ကို ကူညီပါဦး နှောင်းရယ်နော်.... ငါ လင်းကို ဘယ်တော့မှ နာကျင်ရအောင် မလုပ်ဘူးလို့ ကတိပေးတယ်"
"နာကျင်အောင် မလုပ်ပေလို့ပဲနော် ကောင်စုတ်"
"အာ့ နာတယ်လို့"
ရောင်နီ့ကို ဖျတ်ခနဲရိုက်လိုက်တဲ့ နှောင်းငယ်ကို စေကြည့်နေရင်း သူတို့နှစ်ယောက်ပြောတဲ့စကားတွေကို မနည်းလိုက်မီအောင် ကြိုးစားနေရသည်။ နောက်ပြီး အစ်မလင်းကလည်း ကိုယ်ဝန်နဲ့တဲ့။
"အင်းးးး"
ကုတင်ထက်မှာ အိပ်နေတဲ့ လင်းဆီကနေ ညည်းသံလေးထွက်လာတာမို့ နှောင်းတို့ အားလုံး လင်းရဲ့ကုတင်နား ရောက်သွားကြသည်။
"လင်း.... နင် သတိရပြီလား.... ငါ့အသံကိုကြားလား.... လင်း"
လင်းက မျက်လုံးများ ဖြေးညှင်းစွာပွင့်လာပြီး ခေါင်းလေး အသာညိတ်ပြတာကြောင့် နှောင်း ရင်ထဲက အပူလုံးကြီးကျသွားကာ ဘေးမှာ ရပ်နေတဲ့မောင့်ကို မော့ကြည့်ပြီး
"မောင် ဆရာဝန်ကို သွားအကြောင်းကြားပေးပါဦးနော်"
"အင်း မောင်သွားလိုက်မယ်"
မောင်က အခန်းထဲနေ ခပ်သွက်သွက် ထွက်သွားပြီး နှောင်းမှာတော့ လင်းရဲ့လက်ကလေးကို ဆုပ်ကိုင်ထားရင်း
💕YNO & LLM💕
Start from the beginning
