"လူနာက ဘာဖြစ်တာလဲ"
"ဒီအတိုင်းမူးလဲသွားတာပါ ဒေါက်တာ"
ဒေါက်တာက လင်းကို စမ်းသပ်ပေးပြီးနောက် နှောင်းကို ပြန်ကြည့်ကာ
"လူနာနဲ့ ဘာတော်လဲ"
"သူငယ်ချင်းပါ ဒေါက်တာ..... ဟို သူ့အခြေအနေက စိုးရိမ်ရလားရှင့်.... သူ ဘာဖြစ်တာလဲ မသိဘူး"
"စိုးရိမ်စရာတော့ မရှိပါဘူး.... လူနာက အလုပ်ပင်ပန်းသွားတာကြောင့်ပါ…. နောက်ပြီး ကိုယ်ဝန်ရှိနေတဲ့အချိန်ဆိုတော့ အလုပ်ကို အလွန်အကျွံ မလုပ်စေနဲ့ပေါ့"
"ဗျာ"
ဆရာဝန်ပြောတဲ့စကားကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရင်းမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့စကားကြောင့် နှောင်း ကြက်သေသေသွားသည်။ ရေချိုးခန်းထဲက ထွက်လာတဲ့ဦးထံကနေသာ ဗျာဆိုတဲ့အသံကိုကြားလိုက်ရသေးသည်။ နှောင်းမှာတော့ ဘာမှ ပြန်မပြောနိုင်ပေ။
"လူနာမှာ ကိုယ်ဝန်ရှိနေတာကို မသိကြဘူးထင်တယ်"
"ရှင်... ဟုတ်....ဟုတ်တယ်ရှင့်"
"ဒါဆို လူနာလည်း သိပုံမပေါ်လောက်သေးဘူး…. ကိုယ်ဝန်က အနည်းဆုံး ၈ပတ်လောက်တော့ ရှိနေပြီထင်တယ်.... လူနာသတိရလာတဲ့အခါ OG နဲ့ တစ်ခါတည်းပြသွားလိုက်ပေါ့"
"ဟုတ်... ဟုတ်ကဲ့ရှင့်"
"ဆရာမ လူနာကို Drip ချိတ်ပေးထားလိုက်ပါ......"
"ဟုတ်ကဲ့ ဒေါက်တာ"
တာဝန်ကျဆရာဝန်က သူနာပြုဆရာမကို ပြောရင်း ထွက်သွားလေသည်။ သူနာပြုဆရာမကတော့ လုပ်စရာရှိတာကို လုပ်ပေးပြီးတော့
"လူနာသတိရလာရင် ကျွန်မတို့ကို ခေါ်လိုက်ပါနော်"
"ဟုတ်ကဲ့ရှင့်"
သူနာပြုဆရာမ ထွက်သွားချိန်မှာတော့ နှောင်းရော ဦးရော အခန်းထဲက နှစ်ယောက်ထိုင်ခုံလေးမှာ အသက်မဲ့စွာထိုင်လိုက်ရင်း နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ပဲ အခန်းက တိတ်ဆိတ်နေသည်။ ထိုစဉ် နှောင်းဖုန်းမြည်လာသံကြောင့် ကြည့်လိုက်တော့ မောင်ဖြစ်နေတာမို့ နှောင်း ဖုန်းကိုင်လိုက်သည်။
💕Big Surprise💕
En başından başla
