"ငါ ဘေးတိုက်က ဦးလေးမွန်ဆီ ဖုန်းဆက်ထားပြီးပြီ...... သူအောက်မှာ အဆင်သင့်စောင့်နေတယ်"
"အေးအေး"
ရောင်နီ လဲနေတဲ့လင်းကို ပွေ့ချီလိုက်တော့ ရောင်နီ့လက်ထဲ ပျော့ခွေစွာပါလာတဲ့ လင်းရဲ့ဖြူဖတ်ဖြူရော် မျက်နှာလေးကို ကြည့်ပြီး ရောင်နီိရင်ထဲ နေဆယ်စင်းမက ပူလောင်နေပြီဖြစ်သည်။
ဦးကလင်းကိုပွေ့ချီပြီး ဆင်းသွားတာမို့ နှောင်း အခန်းတံခါးသေချာပိတ်ကာ ဦးနောက်ကို အပြေးလေး အမှီလိုက်ရသည်။ အောက်ကို ရောက်တော့ ဦးလေးမွန်က ကားတံခါးကို ဖွင့်ပေးနေပြီး ဦးက လင်းကို နောက်ခန်းမှာ သေချာလေး နေရာချပေးနေသည်။
"ဦး နင်နောက်ခန်းကနေပဲလိုက်ခဲ့လိုက်တော့.... ဦးလေး (.............) ဆေးခန်းကို သွားမယ်ရှင့်"
"အေးအေး သမီး"
နှောင်းကားရှေ့ခန်းကနေပဲ ထိုင်လိုက်ရင်း လင်းကိုစိတ်ပူစွာဖြင့် နောက်ကိုလည်းလှည့်လှည့်ကြည့်ရသေးသည်။
ဆေးခန်းရှေ့မှာ ကားရပ်သွားတာနဲ့ နှောင်းအရင်ဆင်းကာ နောက်ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။ လင်းကို ပွေ့ချီကာ ဦးက ဆေးခန်းထဲ ဝင်သွားတာနဲ့ နှောင်းလည်း နောက်က အမှီလိုက်ရပြန်သည်။ လင်းအတွက် သီးသန့်ခန်းပဲယူပေးလိုက်ပြီး ကုတင်ပေါ်မှာ လှဲနေတဲ့ လင်းရဲ့သွေးမရှိတဲ့ မျက်နှာလေးကိုသာ ငေးကြည့်နေတဲ့ ဦးကို ကြည့်လိုက်တော့လည်း ဦးကိုယ်တိုင်လည်း ဖြူဖတ်ဖြူရော်ဖြစ်နေသည်။
"ဘယ်လိုဖြစ်ကြတာလဲဟာ"
"ဒီနေ့ပင်ပန်းသွားလို့ထင်တယ်.... မနေ့ကလည်း ဂျူတီဝင်ထားတယ်ပြောတယ်..... ဦး နင်ရော အဆင်ပြေရဲ့လား.... နင်ပါတစ်ခါတည်း ဆရာဝန်နဲ့ပြလိုက်ပါလား"
"ငါက ရပါတယ်... ခေါင်းနည်းနည်းမူးပြီး အန်ချင်နေလို့"
"အစာမကြေတာလားးး"
"မသိပါဘူးဟာ.... ရင်ပြည့်သလို........ဝေါ့"
စကားပြောနေရင်း ဦးက အန်ချင်လာတဲ့ပုံမို့ အခန်းထဲတွဲရက်ပါတဲ့ ရေချိုးခန်းထဲ ပြေးဝင်သွားသည်။ ဦးနောက်လိုက်ဖို့ နှောင်းခြေလှမ်းပြင်လိုက်စဉ် တာဝန်ကျဆရာဝန်က ရောက်လာပြီး
💕Big Surprise💕
Start from the beginning
