"လင်း လင်း..... လင်း ငါခေါ်တာကြားလား"
ဘယ်လိုခေါ်ခေါ် လင်းက မနိုးလာတာမို့ နှောင်း ရေချိုးခန်းထဲက ထွက်ကာ ဖုန်းကို ပြန်ရှာရသည်။ အရေးရယ် အကြောင်းရယ်ဆို ဖုန်းက ဘယ်နားထားလို့ ထားမိမှန်းမသိ။ နောက်မှ ရေခဲသေတ္တာပေါ်မှာ ရှာတွေ့တာမို့ ဦးဆီဖုန်းဆက်လိုက်သည်။ ပထမတစ်ခါခေါ်တဲ့ အဝင်ခေါ်ဆိုမှုဟာ ကိုင်မယ့်သူ မရှိတာမို့ ပြန်ကျသွားတာကြောင့် ဒုတိယအကြိမ် ပြန်ခေါ်ကြည့်လိုက်သည်။ ဖုန်းကဝင်နေပေမယ့် တော်တော်နဲ့မကိုင်တာမို့ နှောင်း ဖုန်းပြန်ချခါနီးမှာ ဦးဘက်က ဟယ်လိုဆိုတဲ့အသံကို ကြားလိုက်ရသည်။
"ဟယ်လို နှောင်း"
"ဦး နင်ကလည်း ဘာလို့ဖုန်းမကိုင်ရတာလဲ"
"နေမကောင်းလို့ အိပ်နေတာ..... နင်ဘာဖြစ်နေတာလဲ အသံက အလောတကြီးနဲ့"
"လင်း.... လင်း...... မူးလဲသွားလို့"
"ဘာ"
ကိုယ်တိုင်က ခေါင်းတွေ ချာချာလည်အောင် မူးပြီးမထနိုင်ပေမယ့် နှောင်းဆီကနေ လင်းမူးလဲသွားတယ်ဆိုတဲ့အသံကို ကြားလိုက်ရချိန်မှာ ငေါက်ခနဲထထိုင်မိသွားသည်။
"ခု နင်တို့ဘယ်မှာလဲ"
"ငါ့အခန်းမှာ"
"ငါအခုဆင်းလာခဲ့မယ်"
"အွန်း"
ဖုန်းချပြီးတာနဲ့ အိမ်နေရင်းတီရှပ်နဲ့အားကစားဘောင်းဘီဝတ်ထားတာတောင် မလဲနိုင်တော့ပဲ အောက်ထပ်ကို ပြေးဆင်းလာခဲ့လိုက်သည်။
ဦးဆီဖုန်းဆက်ပြီးတာနဲ့ ဘေးတိုက်က တက္ကစီမောင်းတဲ့ ဦးလေးဆီ ဖုန်းဆက်ပြီး ကားအား မအားမေးကာ အားတယ်ဆိုလို့ နှောင်းတို့ဘေးရပ်ကွက်က အထူးကုဆေးခန်းကို သွားချင်လို့ ကားအဆင်သင့်လုပ်ပေးထားဖို့ပြောရသေးသည်။ ဖုန်းပြောပြီးချိန်မှာ တံခါးခေါက်သံကြောင့် နှောင်းတံခါး ဖွင့်လိုက်တော့ ဦးဖြစ်နေပြီး
"လင်းရော"
"ရေချိုးခန်းထဲမှာ"
နှောင်းစကားတောင် မဆုံးသေးခင် ရေချိုးခန်းဘက်ကို ခြေလှမ်းကျဲများဖြင့် လျှောက်သွားပြီး လင်းကို ပွေ့ချီဟန်ပြင်နေတဲ့ ဦးကြောင့် နှောင်းလည်း ပိုက်ဆံအိတ်ကိုလွယ်ကာ
💕Big Surprise💕
Start from the beginning
