💕Pokémon💕

Mulai dari awal
                                        

ထိုအချိန် အပြင်ဘက်က တံခါးခေါက်သံနဲ့အတူ

"မောင် ဘေစင်အောက်က ဗီဒိုလေးထဲမှာ သွားပွတ်တံနဲ့ မျက်နှာသုတ်ပုဝါ အသစ်တွေရှိတယ်နော်.... ယူသုံးလို့ရတယ်"

"ဟုတ်ကဲ့ပါဗျ"

နှောင်းငယ်ကို ပြန်ဖြေရင်း ဗီဒိုလေးကို ဖွင့်ကြည့်လိုက်တော့ သွားပွတ်တံအသစ်တွေ မျက်နှာသုတ်ပုဝါအသစ်တွေအပြင် ဆပ်ပြာမှုန့် တစ်ရှုးထုတ်တွေကို အစီအရီသိမ်းဆည်းထားတာကို မြင်လိုက်ရသည်။ ထို့နောက် သွားပွတ်တံအသစ်တစ်ချောင်းကို ဖောက်ကာ အသုံးပြုလိုက်ပြီး နှောင်းငယ်ရဲ့သွားပွတ်တံထည့်ထားတဲ့ခွက်လေးထဲမှာ စေ့ရဲ့သွားပွတ်တံကိုပါ ထည့်ထားလိုက်သည်။

ထို့နောက် ရေပန်းကိုဖွင့်ကာ ရေချိုးလိုက်ပြီး မျက်နှာသုတ်ပုဝါတစ်ထည်ကို ယူကာ ရေစင်အောင် သုတ်ပြီးနောက်မှာ နှောင်းငယ်ပေးထားတဲ့အိတ်ထဲက Pokémon ဝမ်းဆက်ကို ထုတ်ဝတ်လိုက်ပြီး ဘေစင်ရှေ့မှာရပ်ကာ မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ကာ ပြုံးလိုက်မိပြန်သည်။ အရွယ်ရောက်ပြီးနောက်ပိုင်းမှာ တစ်ခါမှ မဝတ်ခဲ့ဖူးတဲ့ အရုပ်ဒီဇိုင်းမဟုတ်ပါလား။ ချစ်ရသူက ဝယ်ပေးထားတာမို့ ဘာကိုမှ ဂရုမစိုက်ဘဲ ယုံကြည်ချက်အပြည့်နဲ့ Pokémon ဝမ်းဆက်ဝတ်ကာ ရေချိုးခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

"ခစ်ခစ်.... မောင်နဲ့လိုက်တယ်"

ဝယ်ပေးထားတဲ့သူက သဘောကျစွာ ရယ်နေတာမို့ စေ့အပြုံးတို့က မရပ်တန့်နိုင်။ နှောင်းငယ်က အဝတ်အစားလေးတွေကိုင်ထားကာ

"နှောင်း အဝတ်သွားလဲလိုက်ဦးမယ်... မောင် ခဏစောင့်" ဟုဆိုကာ ရေချိုးခန်းထဲ ဝင်သွားပြန်သည်။

စေက ကုတင်ပေါ်မှာတင်ထားတဲ့ အိပ်ရာလိပ်ကို ကုတင်ဘေး ကြမ်းပြင်ပေါ်မှာ ချခင်းရင်း နှောင်းငယ်ထွက်လာတာကို စောင့်နေလိုက်သည်။ ရေချိုးခန်းထဲက ထွက်လာတဲ့ အဝါရောင်ပုံရိပ်လေးက သိပ်ကို ချစ်စရာကောင်းနေတာမို့ စေ့မှာ ကြည့်လို့မဝပေ။

"ဘယ်လိုလဲ နှောင်းနဲ့လိုက်တယ်မလား"

"အင်း အရမ်းချစ်ဖို့ကောင်းတယ်"

💕 Feeling of Love 💕 (Unicode Ver)Tempat cerita menjadi hidup. Temukan sekarang